Connect with us

Media

တရုတ်နိုင်ငံက ကျောက်မီးသွေးစွမ်းအင်ကဏ္ဍအတွက် အာရှတွင် အကြီးဆုံး ကာဗွန်ဖမ်းယူသိုလှောင်စက်ရုံစီမံကိန်း စတင်

နန်နင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Energy) က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အာရှ၌ အကြီးဆုံး ကာဗွန်ဖမ်းယူမှု၊ အကျိုးရှိစွာအသုံးချမှုနှင့် သိုလှောင်မှု (CCUS) စက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဇွန် ၂ ရက်က ကြေညာခဲ့သည်။

China Energy ၏ ထိုင်ကျိုး ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးယူနစ်တစ်ခုနှင့် ချိတ်ဆက်ထားသော အဆိုပါ စက်ရုံသည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၅၀၀,၀၀၀ ဖမ်းယူနိုင်မည်ဖြစ်ကြောင်း China Energy ကုမ္ပဏီက ဆိုသည်။ (Xinhua)

……………………………………..
(English Version)
China launches Asia’s largest carbon capture project for coal-fired power sector
NANJING, June 2 (Xinhua) — China Energy Investment Corporation (China Energy) on Friday announced that it has put Asia’s largest carbon capture, utilization and storage (CCUS) facility for the coal-fired power generation sector into operation in east China’s Jiangsu Province.
The facility, attached to a generation unit at China Energy’s Taizhou coal-fired power plant, will capture 500,000 tonnes of carbon dioxide (CO2) every year, China Energy said.