Connect with us

Media

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းကြီးက လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်

ထျန်းကျင်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် Huadian Tianjin Haijing နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက မဟာဓာတ်အားလိုင်းနှင့် ဇူလိုင် ၈ ရက်က ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းအား China Construction Third Engineering Bureau Group ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တပ်ဆင်စွမ်းရည် မဂ္ဂါဝပ် ၁,၀၀၀ ရှိကြောင်း သိရသည်။
စီမံကိန်းသည် နှစ်စဉ် သန့်စင်လျှပ်စစ်ဓာတ်အား ၁.၅ ဘီလီယံ kWh ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု ၁.၂၅ သန်းတန်ချိန် လျှော့ချနိုင်မည် ဖြစ်ကာ အိမ်ထောင်စု ၁.၅ သန်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Major photovoltaic project connected to grid in China’s Tianjin
The Huadian Tianjin Haijing photovoltaic power station was connected to the power grid on Saturday in north China’s Tianjin Municipality.
The project is undertaken by China Construction Third Engineering Bureau Group Co., Ltd., with an installed capacity of 1,000 megawatts.
The project is expected to generate 1.5 billion kWh of clean electricity each year, which is able to reduce 1.25 million tons of carbon dioxide emissions every year and meet the electricity consumption demands of 1.5 million households.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)