Connect with us

Media

အစ္စရေး၏ David’s Sling လေကြောင်းရန်ကာကွယ်ရေးစနစ် အောင်မြင်စွာ စမ်းသပ်ပြီးစီး

ဂျေရုဆလမ် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ၎င်းတို့၏ David’s Sling ဒုံးခွင်းဒုံးစနစ်သည် လေ့ကျင့်စမ်းသပ်မှုများစွာကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။

လေကြောင်း နှင့် ဒုံးကျည်ကာကွယ်ရေးစနစ်သည် အစ္စရေးနိုင်ငံတောင်ပိုင်းတွင် တိုက်ရိုက်ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်များ ၊ ခရုဇ်ဒုံးကျည်များ ၊ လေယာဉ်များ နှင့် ဒရုန်းများ အပါအဝင် အဆင့်မြင့်ခြိမ်းခြောက်မှုများအား ပုံစံတူဖန်တီးသော ရှုပ်ထွေးသောအခြေအနေများရှိ ပစ်မှတ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………..
(English Version)
Israel’s David’s Sling air defense system “successfully” completes testing: ministry
Israel said on Sunday that its anti-missile David’s Sling system has successfully concluded a series of exercises and tests.
The air and missile defense system underwent live-fire testing in southern Israel, where it intercepted targets in “complex scenarios” that simulated “advanced threats,” including ballistic missiles, cruise missiles, aircraft, and drones, according to a statement from Israel’s Defense Ministry.
Xinhua News Agency correspondents reporting from Jerusalem.(XHTV)