Connect with us

Asia

တရုတ်နိုင်ငံနှင့် အာဆီယံက ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု အဆင့်မြှင့်တင်ရေး ကတိကဝတ် ထပ်လောင်းပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ဝဲဘက် ပဉ္စမမြောက်) အား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ဇူလိုင် ၁၃ ရက်က ကျင်းပသော တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် အရှေ့တောင်အာရှဒေသတွင် ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် (TAC) ၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများကို တက်ကြွစွာ အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် နယ်ပယ်အားလုံးတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လျက်ရှိကြောင်း ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ပြောခဲ့သည်။ တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံလေ့လာသူများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေး အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အခြေခံအုတ်မြစ် ခိုင်မာရေး ပူးတွဲမြှင့်တင်လျက်ရှိကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းဖြင့် နိုင်ငံများအားလုံးအတွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းသစ်များ ပံ့ပိုးပေးရန် ကတိပြုသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာရှဒေသတွင် ခေတ်မီအသွင်ပြောင်းမှုလုပ်ငန်းစဉ် အဆင့်မြှင့်တင်ရန် အာဆီယံနှင့်အတူ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဝမ်က ဆိုသည်။
တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ကူညီပံ့ပိုးမှုအသစ်များ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံက အာဆီယံနှင့်အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံ ဗဟိုပြုမှုနှင့် အသိုက်အဝန်းတည်ဆောက်မှု ပံ့ပိုးပေးခြင်းအတွက် အာဆီယံနိုင်ငံများက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့တောင်အာရှဒေသ နျူလက်နက်ကင်းစင်ရေးဇုန် သဘောတူစာချုပ် ပရိုတိုကော (Protocol to the Treaty on the Southeast Asia Nuclear-Weapon-Free Zone) ကို လက်မှတ်ရေးထိုးရန် သဘောဆန္ဒအား ပြောကြားရာ၌ တရုတ်နိုင်ငံက ဦးဆောင်ဦးရွက်ပြုခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆိုသည်။ (Xinhua)

………………………………
( English Version )

China, ASEAN reaffirm commitment to advance comprehensive strategic partnership

JAKARTA, July 13 (Xinhua) — China and Association of Southeast Asian Nations (ASEAN) have vowed to advance their comprehensive strategic partnership at the China-ASEAN (10+1) Foreign Ministers’ Meeting held here Thursday.
China and ASEAN have actively implemented the purposes and principles of the Treaty of Amity and Cooperation in Southeast Asia (TAC), and expanded mutually beneficial cooperation on all fronts, said Director of the Office of the Central Commission for Foreign Affairs Wang Yi at the meeting, which is attended by foreign ministers of ASEAN member countries, ASEAN observers and ASEAN secretary general.
Both sides have worked together on building a community with a shared future and the Belt and Road, while jointly promoting regional economic integration, and consolidating the foundation of peace and stability, said Wang.
China will be committed to high-quality development and provide new opportunities for all countries with Chinese-style modernization. It is ready to strengthen solidarity and coordination with ASEAN to advance the modernization process in Asia, said the senior Chinese diplomat.
China will work together with ASEAN to advance the China-ASEAN comprehensive strategic partnership and make new contributions to peace and prosperity in the region, he said.
The ASEAN parties thanked China for supporting ASEAN centrality and community building. They appreciated China for taking the lead in expressing willingness to sign the Protocol to the Treaty on the Southeast Asia Nuclear-Weapon-Free Zone.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (5th L) attends the ASEAN-China Foreign Ministers’ Meeting in Jakarta, Indonesia, on July 13, 2023. (Xinhua/Xu Qin)