Connect with us

Media

တရုတ်နိုင်ငံ ချိန်တူးမြို့တွင် ၃၁ ကြိမ်မြောက် FISU ကမ္ဘာ့တက္ကသိုလ်အားကစားပွဲ ဖွင့်လှစ်

ချိန်တူး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၃၁ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ်အားကစားအဖွဲ့ချုပ် (FISU) ကမ္ဘာ့တက္ကသိုလ် နွေရာသီအားကစားပွဲကို ချိန်တူးမြို့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။
ချိန်တူး ကမ္ဘာ့တက္ကသိုလ်အားကစားပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၈ ရက်အထိ ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲအစီအစဉ်အရ အဆိုပါ အားကစားပွဲ၌ နိုင်ငံနှင့် ဒေသပေါင်း ၁၁၃ ခုမှ အားကစားသမား ၆,၅၀၀ က အားကစားနည်း ၁၈ မျိုးကို ပြိုင်ပွဲပေါင်း ၂၆၉ ပွဲဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အားကစားပွဲ ကျင်းပစဉ်အတွင်း ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှု အစီအစဉ်များစွာ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
31st FISU World University Games opens in China’s Chengdu
The 31st International University Sports Federation (FISU) Summer World University Games officially kicked off Friday in Chengdu.
The Chengdu Universiade runs from July 28 to August 8 in southwest China’s Sichuan Province.
6,500 athletes from 113 countries and regions will take part in 18 sports and 269 events on the competition schedule.
A series of cultural and people-to-people exchange activities will also be held during the sporting event.