Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃. ၈ ဘီလီယံကျော် ဝင်ငွေရရှိ

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် မြန်မာနိုင်ငံသည် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၈၄၇ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၁၇၃ ဘီလီယံကျော် ဝင်ငွေရရှိခဲ့သောကြောင့် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ဝင်ငွေ ကျဆင်းသွားကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ယင်းသို့ပို့ကုန်တင်ပို့မှုများအနက် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၁၈၄ ဘီလီယံကျော်ရရှိပြီး ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း နှင့် ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117