Connect with us

Media

ဆယ်နှစ်ကြာပြီးနောက် တရုတ်-တောင်အာရှ ဆက်ဆံရေး ပိုမိုနီးကပ်လာကာ ကုန်သွယ်မှု နှစ်ဆတိုး

ကူမင်း ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၅ ခုမှ ပြခန်းပြသသူ၊ ကိုယ်စားလှယ် များနှင့် ဧည့်သည်တော် ၃၀,၀၀၀ ကျော်က အွန်လိုင်း (online) ၊ အော့ဖ်လိုင်း (offline) မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ငါးရက်ကြာ ကုန်စည်ပြပွဲတွင် ပြပွဲခန်းမ ၁၅ ခုထားရှိကာ အမျိုးမျိုးသောလှုပ်ရှားမှုအစီအစဉ်များ ပါရှိကြောင်း သိရသည်။

ပြီးခဲ့သော ၁၀ နှစ်တာအတွင်း ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ နှင့် တောင်အာရှအကြား ဆက်ဆံရေး ပိုမိုနီးကပ်မှုကို သက်သေပြနေပြီး တရုတ်နိုင်ငံ နှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည်လည်း နှစ်ဆတိုးလာခဲ့ကြောင်း သိရဿည်။ (Xinhua)

………………………………
(English Version)
Ten years on, China-South Asia trade doubles on closer ties
The ongoing seventh China-South Asia Expo in Kunming, capital city of southwest China’s Yunnan Province, has attracted more than 30,000 exhibitors, representatives, and guests from 85 countries and regions to attend online and offline.
Themed “Solidarity and Coordination for Common Development,” the five-day expo has set up 15 exhibition pavilions, with various kinds of events.
Over the past 10 years, the expo has witnessed closer ties between China and South Asia, with the trade volume between China and South Asian countries doubling.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)