Connect with us

Media

တရုတ်နိုင်ငံက ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသတွင် သဘာဝဘေးအလွန် ပြန်လည်နေရာချထားရေး အရှိန်မြှင့်ဆောင်ရွက်

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် အနီးဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများကို တုံ့ပြန်သောအားဖြင့် အာဏာပိုင်များက ပြည်သူများအား သဘာဝဘေးအန္တရာယ်သက်ရောက်မှုမှ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများအားလုံး အစွမ်းကုန်ဆောင်ရွက်ရန် စည်းရုံးဆော်ဩထားကြောင်း သိရသည်။
လွန်ခဲ့သောရက်အနည်းငယ်က ပေကျင်းမြို့တွင် နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုအများဆုံးအဖြစ် ကြုံတွေ့ခဲ့ရသည်။ ဇူလိုင် ၂၉ ရက် ည ၈ နာရီမှ ဩဂုတ် ၂ ရက် နံနက် ၇ နာရီကြား ဆင်ခြေဖုန်းဒေသရှိ ရေကာတာတစ်ခု၌ မိုးရွာသွန်းမှုအတွင်း အများဆုံး မိုးရေချိန်ပမာဏမှာ ၇၄၄.၈ မီလီမီတာရှိခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ပေကျင်းမြို့တွင် လူ ၁၁ ဦး သေဆုံးခဲ့ကာ ဟဲပေပြည်နယ်တွင်မူ လူ ၉ ဦး သေဆုံးခဲ့သည်။

ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်များကလည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ရန် အရင်းအမြစ်အသီးသီးကို စုစည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China speeds up post-disaster resettlement in Beijing-Tianjin-Hebei region
BEIJING, Aug. 3 (Xinhua) — In response to the torrential rainstorms and floods that have wreaked havoc in Beijing and its surrounding regions, authorities are mobilizing an all-out effort to safeguard the people from the impact of disasters.
Over the past few days, Beijing has seen the heaviest rainfall since records began 140 years ago. It logged 744.8 millimeters of rain, the maximum amount of precipitation recorded during the rainstorm, between 8 p.m. Saturday and 7 a.m. Wednesday at a suburban reservoir.
The torrential rains brought by a typhoon and the massive floods triggered by the rains have left 11 dead in Beijing and 9 dead in neighboring Hebei Province.
Over the past few days, central and local authorities have mobilized various resources at their disposal to accelerate disaster relief and reconstruction.