Connect with us

Media

တရုတ်-မွန်ဂိုလီးယား နယ်စပ်ဆိပ်ကမ်း ကုန်စည်ပမာဏ ၁၇၂ ရာခိုင်နှုန်း မြင့်တက်

ဟူးဟော့ ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

တရုတ်-မွန်ဂိုလီးယားနယ်စပ်ရှိ အကြီးဆုံး ကုန်းတွင်းဆိပ်ဖြစ်သည့် Ganqmod က ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ကုန်စည်ပမာဏသည် ယခုနှစ် ပထမ ၇ လတွင် တန်ချိန်သန်း ၂၀ နီးပါး ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၇၂.၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ယင်းကာလအတွင်း ကုန်းတွင်းဆိပ်သည် ကျောက်မီးသွေး တင်သွင်းမှု တန်ချိန် ၁၉ သန်းကျော်အား ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၈၈.၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်းတွင်းဆိပ်စီမံခန့်ခွဲရေးအဖွဲ့က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ရှိသည့် Ganqmod ကုန်းတွင်းဆိပ်သည် နိုင်ငံအတွက် စွမ်းအင်တင်သွင်းသည့်အဓိကလမ်းကြောင်းတစ်ခု ဖြစ်ပြီး တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံပေါ်ရှိ အရေးပါသောအချက်အချာနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
China-Mongolia border port sees goods volume up 172 pct
The volume of goods handled by Ganqmod Port, the largest highway port on the China-Mongolia border, hit nearly 20 million tonnes in the first seven months of this year, up 172.61 percent year on year.
Notably, the port handled more than 19 million tonnes of imported coal during the period, a surge of 188.55 percent year on year, said the port administration on Tuesday.
Situated in north China’s Inner Mongolia Autonomous Region, Ganqmod Port is a major energy import channel for the country and an important hub on the China-Mongolia-Russia economic corridor.
Xinhua News Agency correspondents reporting from Hohhot, China.(XHTV)