Connect with us

Media

တရုတ်နိုင်ငံ နန်နင်းမြို့၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နန်နင်း ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်း၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် တရုတ်-အာဆီယံကုန်စည်ပြပွဲအား ကုမ္ပဏီ ၂,၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး ယခင်နှစ် ပါဝင်မှုကိန်းဂဏန်းထက် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယခုနှစ်ပြပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ အမှတ်တံဆိပ်အရေအတွက်အများအပြား ပါဝင်ခဲ့သည့်အပြင် ဒရုန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပစ္စည်းကိရိယာများအပါအဝင် ဒစ်ဂျစ်တယ် ၊ စမတ် နှင့် ကာဗွန်ဒိုင်အောက်ဆိုက် လျော့နည်းသောနည်းပညာများအား အထူးပြုဆောင်ရွက်သည့် တရုတ်ကုမ္ပဏီအများအပြား ပါဝင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shu Jueting က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Opening ceremony of 20th China-ASEAN Expo held in China’s Nanning
The opening ceremony of the 20th China-ASEAN Expo and China-ASEAN Business and Investment Summit was held on Sunday in Nanning, capital of south China’s Guangxi Zhuang Autonomous Region.
Nearly 2,000 companies attended this year’s China-ASEAN Expo, marking an 18.2-percent rise in participation figure from last year.
This year’s event sees the participation of a larger number of brands from the 10 members of the Association of Southeast Asian Nations (ASEAN), as well as many Chinese companies specializing in digital, smart and low-carbon technologies, including drones and equipment for environmental protection, said China’s Ministry of Commerce spokesperson Shu Jueting.↳
Xinhua News Agency correspondents reporting from Nanning, China.(XHTV)