Connect with us

Media

တရုတ်-အိန္ဒိယနယ်နိမိတ်ရေးရာတွင် အမေရိကန်ကြားဝင်စွက်ဖက်မှုကို တရုတ်နိုင်ငံ အခိုင်အမာကန့်ကွက်

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်-အိန္ဒိယနယ်နိမိတ်ရေးရာတွင် အမေရိကန်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုကို တရုတ်နိုင်ငံက အပြင်းအထန် ရှုတ်ချကြောင်းနှင့် အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က မတ် ၂၁ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ Zangnan ဒေသကို အမေရိကန်နိုင်ငံက အရူနာချယ်ပရာဒက်ရှ်ပြည်နယ်ဟု အမည်တပ်ကာ အိန္ဒိယပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားခဲ့ပြီးနောက် လင်းက အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“တရုတ်-အိန္ဒိယ နယ်နိမိတ်က ဘယ်တုန်းကမှအနားသတ်မထားပါဘူး” ဟု လင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး Zangnan ဒေသသည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်သည်မှာ မငြင်းပယ်နိုင်သော အခြေခံအချက်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။
တရုတ်-အိန္ဒိယနယ်နိမိတ်ရေးရာသည် နှစ်နိုင်ငံကြားကိစ္စရပ်ဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့် မည်သို့မျှဆောင်ရွက်ရန်ကိစ္စမရှိကြောင်း လင်းက ဆိုသည်။

“အမေရိကန်အနေနဲ့ တစ်ကိုယ်ကောင်းဆန် ပထဝီနိုင်ငံရေးအကျိုးစီးပွားအတွက် အခြားနိုင်ငံတွေရဲ့ ပဋိပက္ခတွေကို ရန်စဖို့နဲ့ အကျိုးအမြတ်ထုတ်ဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ” ဟု လင်းက ပြောခဲ့သည်။ (Xinhua)
…………………………..
(English Version)
China firmly opposes U.S. interference in China-India boundary question
BEIJING, March 21 (Xinhua) — China strongly deplores and firmly opposes U.S. interference in the China-India boundary question, Chinese foreign ministry spokesperson Lin Jian said on Thursday.
Lin’s remarks came after the U.S. State Department spokesperson said that the United States recognizes the so-called “Arunachal Pradesh”, which is China’s Zangnan, as Indian territory.
“The China-India boundary has never been delimited,” said Lin at a regular press briefing, adding that Zangnan is China’s territory, a basic fact that is undeniable.
Lin said the China-India boundary question is a matter between the two countries and has nothing to do with the U.S. side.
“It is known to all that the United States has consistently spared no efforts to provoke and take advantage of other countries’ conflicts to serve its selfish geopolitical interests,” said Lin.