Connect with us

Media

မြန်မာနိုင်ငံအနှံ့တွင် ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနှံ့တွင် ရေကိုဖူလုံစွာရရှိရေးနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း မတ် ၂၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်းပါးသတင်း ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့က ဦးဆောင်ကာ ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဖြေရှင်းလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံများအနက် ရေချိုပေါများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တာတမံနှင့် ရေတွင်းရေကန်များသည် မြန်မာ့ရေချိုအရင်းအမြစ်များပင် ဖြစ်ကြသည်။

မြန်မာတွင်ရေအရင်းအမြစ်ပေါများသည်ဟု ဆိုကြသော်လည်း အထက်အညာဒေသအပါအဝင် နေရာဒေသအချို့၌ နွေအခါတွင် ရေမလုံလောက်သည့်ပြဿနာမျိုးလည်း ရှိနေသေးကြောင်း သိရသည်။
ကုလသမဂ္ဂသည် ရေသယံဇာတနှင့်ပတ်သက်၍ အလေးဂရုပြုနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်တစ်ခုစီ ချမှတ်ပေးပြီး နှိုးဆော်ပေးလျက်ရှိသည်။ ကမ္ဘာ့ရေနေ့ ၂၀၂၄ ခုနှစ်အတွက်
ဆောင်ပုဒ်မှာ “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး” “Water for Peace” ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.