COVID-19 UPDATES
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ပြည်နယ် ၅ ခုသို့ COVID-19 ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ရောဂါကူးစက်မှုအသစ်များ ရင်ဆိုင်နေရသည့် ပြည်နယ်အဆင့် ဒေသ ၅ ခုအား COVID-19 ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၇ ရက်မှစ၍ ရွက်ဖျင်တဲ ၃၀၀ ၊ အိပ်ရာခင်း ၃,၇၀၀ နှင့် ချည်သားအဝတ်အထည် ၄,၅၀၀ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများအား အတွင်းမွန်ဂိုလီးယား ၊ ကွေ့ကျိုး ၊ ရှင်းကျန်း နှင့် ကွမ်ရှီး ဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း RCSC က ပြောကြားခဲ့သည်။
အဆိုပါဒေသများသည် သန့်ရှင်းသပ်ရပ်ပြီး ခေတ်မီကုသရေးကိရိယာများတပ်ဆင်ထားသည့် negative pressure လူနာတင်ယာဉ်များ နှင့် အခြားကပ်ရောဂါတုန့်ပြန်ရေးပစ္စည်းများ ဝယ်ယူရန် ထောက်ပံ့ကြေးများ လက်ခံရရှိခဲ့သည်ဟုဆိုသည်။
ထို့အပြင် တရုတ်ကြက်ခြေနီဖောင်ဒေရှင်းသည် ဒေသန္တရ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အတူ ကူညီရန် အတွင်းမွန်ဂိုလီးယား နှင့် ဂန်းစု ဒေသများရှိ ကြက်ခြေနီဌာနခွဲများသို့ negative pressure လူနာတင်ယာဉ် ၁၁ စီး နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၂၀၀,၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။
————————————
(English Version)
China’s Red Cross provides COVID-19 relief to five regions
BEIJING, Nov. 1 (Xinhua) — The Red Cross Society of China (RCSC) has provided COVID-19 relief to five provincial-level regions facing new infections.
Since Oct. 17, relief materials, including 300 tents, 3,700 quilts and 4,500 cotton-padded clothing, have been sent to Inner Mongolia, Guizhou, Xinjiang and Guangxi, the RCSC said.
These regions have received grants to purchase negative pressure ambulances and other epidemic response materials, it said.
In addition, the Chinese Red Cross Foundation has donated 11 negative pressure ambulances and 200,000 medical masks to Red Cross branches in Inner Mongolia and Gansu to help with local epidemic prevention and control. ■
Photo – Staff members unload barrels of disinfectant in Hohhot, capital of north China’s Inner Mongolia Autonomous Region, Feb. 19, 2020. (Xinhua/Liu Lei)