Connect with us

Politics & Security

တရုတ်-အာဆီယံ ပူးတွဲ၍ အရှေ့ အာရှ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ဆောင်မည်

၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အခမ်းအနား အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ် နှင့် အရှေ့တောင်အာရှ နိုင်ငံများ (ASEAN) တို့ကြား စီးပွားရေး အပါအဝင် နေရာ အားလုံးနီးပါး တွင် ပူးပေါင်းဆောင်ရွက် မှုများသည် အရှေ့ အာရှ ပူးပေါင်းဆောင်ရွက်ရေး၌ ဦးဆောင်မှုပိုင်းမှ ပါဝင်လာ နိုင်ကြောင်း သိရပါသည်။

တရုတ်နိုင်ငံက တခြား အရှေ့အာရှနိုင်ငံတွေနဲ့အတူ ဖွံ့ဖြိုးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်ဆောင်ဖို့ ရှိကြောင်း၊ ဒေသတွင်း ကြွယ်ဝမှုတွေ နဲ့ တည်ငြိမ်နေမှုတွေကို မြှင့်တင်စဉ်တွင် ကြုံတွေ့နေရသော စွန့်စားမှု နှင့်စိန်ခေါ်မှုတွေကို အများဆန္ဒအရ ပူးတွဲတာဝန်ယူရန် ရှိသလို ဒေသတွင်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုတွေ အားသစ်လောင်း ခြင်းတို့တွင် ပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း အာဆီယံ ဆိုင်ရာ တရုတ် သံအမတ် Xu Bu က ၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ မတိုင်မီ တွေ့ဆုံမေးမြန်းရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံများ ဖြစ်သော တရုတ်၊ အမေရိကန်၊ ရုရှား၊ တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများသည် ယခု တစ်ပတ် အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်၌ တွေ့ဆုံ၍ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးကြ မည်ဖြစ်သည်။

အာဆီယံအတွက် ၂၀၁၅ ခုနှစ်သည် မဏ္ဍိုင်းသုံးခုဖြစ်သော နိုင်ငံရေး-လုံခြုံမှု အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်း၊ လူမှု-ယဉ်ကျေးမှု ဆိုင်ရာ အသိုက်အဝန်း ကို အခြေခံထားသော နိုင်ငံ ၁၀ နိုင်ငံ ပေါင်းစည်းထားသော အာဆီယံအသိုက်အဝန်း အဖြစ်တည်ထောင်ထားခြင်း ၏ သမိုင်းမှတ်တိုင်နှစ် ဖြစ်ပါသည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ထားတာနဲ့ အညီ တရုတ်နိုင်ငံ ကလည်း ခေတ်သစ် ပိုးလမ်းမကြီး (One Belt, One Road) နှင့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် များနှင့် အတူတကွ ပါဝင်ရင်း အပြန်အလှန် အကျိုး ဖြစ်ထွန်း နိုင်ရန် မျှော်လင့်ထားပါသည်။
အာဆီယံ အသိုက်အဝန်းသည် တရုတ် နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက် ဆောင်ရွက်ရာတွင် အခွင့်အလမ်းသစ် ပေါ်ပေါက်စေပါသည်ဟု Xu ကပြောသည်။

တရုတ် နှင့် အာဆီယံ နိုင်ငံတို့ အကြား ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ်အတွင် အမြင့်ဆုံးမှတ်တမ်းသစ် စာရင်းဝင် ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၀.၄ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရောက်ရှိနိုင်ဖို့ နှစ်ဖက် စလုံးက မျှော်မှန်းထားပါသည်။

စင်ကာပူ နိုင်ငံတွင် ရှိသော S.Rajaratnam နိုင်ငံတကာရေးရာလေ့လာရေး ကျောင်း၏ အကြီးတန်း အဖွဲ့ဝင် အိုအိစံ က တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို အရှေ့တောင်အာရှ နိုင်ငံတွေက ကြိုဆိုကြောင်း ပြောပါသည်။

တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံအချို့ အကြား နယ်မြေပိုင်နက်ကိစ္စ အငြင်းပွားမှု ရှိနေသေးသော် လည်းပဲ တရုတ်-အာဆီယံ ဆက်ဆံရေးအား ဦးတည်ချက်ထားပြီး စီးပွားရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ထားသင့် ကြောင်း ပညာရှင်များက ထောက်ပြထားသည်။

တရုတ် နိုင်ငံ အနေဖြင့် အာဆီယံ နှင့် အတူ တောင်တရုတ် ပင်လယ်အား ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုများ၏ ပင်လယ်တစ်ခုအဖြစ်လုပ်ဆောင် သွားရန် ရှိကြောင်း သံအမတ် Xu Bu ကပြောပါသည်။ (Xinhua)