Connect with us

Politics & Security

နှစ်နိုင်ငံ ပူးပေါင်းမှု ပိုမို တိုးမြှင့်ရန် တရုတ်နှင့် မလေးရှား ကတိပြု

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မလေးရှား နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် တို့ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

ကွာလာလမ်ပူူ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မလေးရှား နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် တို့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် နာဂျစ်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသော ၂၁ ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကြီးနှင့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် တည်ထောင်ခြင်း အား အပြည့်အဝ ထောက်ခံကြောင်း ပြောကြား ခဲ့ပါသည်။

တွန်းအားပေးလိုပြီး တရုတ်လုပ်ငန်းရှင်များမှ မလေးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမို ပြုလုပ်လာခြင်းအား ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မလေးရှားနိုင်ငံ အတွင်း စက်မှုလုပ်ငန်းဆိုင်ရာဇုန်များ တည်ဆောက်ရန် တိုက်တွန်းလိုကြောင်း နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးရေးတွင်လည်း ပူးပေါင်း ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ပါကြောင်း ဝန်ကြီးချုပ် နာဂျစ်က ပြောကြားခဲ့သည်။အရှေ့တောင် အာရှနိုင်ငံများ ကလည်း တရုတ်နိုင်ငံမှ ဧည့်သည်များ ပိုမို လာရောက်ပြီး ကံမကောင်းစွာ ပျောက်ဆုံးခဲ့သော မလေးရှား လေကြောင်း လိုင်း MH 370 လေယာဉ် ရှာဖွေရေးတွင်လည်း တရုတ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက် လိုကြောင်း ဝန်ကြီးချုပ် နာဂျစ်က ပြောပါသည်။

သူကပဲ ဆက်ပြီး ယခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံ အနေဖြင့်လည်း တရုတ်-အာဆီယံ ဆက်ဆံရေးအား အပြုသဘော တိုးတက်အောင် မြှင့်တင်လိုပါကြောင်း ဖြည့်စွက်ပြောကြား ခဲ့ပါသည်။တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ကလည်း ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး အကောင်အထည် ဖော်ရာတွင် မလေးနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံ Qinzhou စက်မှုဇုန် နှင့် မလေးရှားနိုင်ငံ ကွမ်တန် စက်မှုဇုန်များတွင် ဦးတည်ပြီး စက်မှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံ နှင့် အခြေခံ အဆောက်အအုံ၊ ဆက်သွယ်ရေး၊ နျူကလီးယား၊ လေယာဉ် တည်ဆောက်ရေး၊ အာရုံခံ ထိန်းချုပ်မှု နည်းပညာနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်းလည်း ဝမ်က ပြောပါသည်။

အဆိုပါ အစည်းအဝေးတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာနီဖတ် အေမန် နှင့် တွေ့ဆုံစဉ်မှာ လည်း ဝမ် က နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ ထောက်ပံ့မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိပြီး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

အာနီဖတ် ကလည်း တရုတ်နိုင်ငံသည် အာဆီယံ၏ အရေးပါသော မိတ်ဖက် ဖြစ်ပြီး မလေးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အားပေးကူညီခဲ့ကြောင်း ပြောပါသည်။

ဝမ်သည် ထိုင်း ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး တာနာဆပ် ပက်တီမာပရာဂွန်၊ ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖမ်ဘင်မင်း၊ လာအို နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး သောင်လွန် စီဆိုလိ နှင့် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဟော်နမ်ဟောင်န် တို့နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ (Xinhua)