Connect with us

Politics & Security

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ၏ လုံခြုံရေး ဆွေးနွေးပွဲများ စတင် ကျင်းပ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်က ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် ASEAN DEFFENCE MINISTERS’ MEETING-PLUS တွင် တက်ရောက်လာသောသူများ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကလက်၊ ဖိလစ်ပိုင်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ ကာကွယ်ရေး ဝန်ကြီးများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပင်လယ်ရေကြောင်း ပဋိပက္ခများ အပါအဝင် ဒေသတွင်း ရင်ဆိုင်နေရသည့် လုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးရန် အဆင့်မြင့် လုံခြုံရေး ဆွေးနွေးပွဲအား ယနေ့ (အောက်တိုဘာလ ၂၃ ရက်) တွင် ဖိလစ်ပိုင်နိုင်ငံံ၌ စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေသတွင်း အစွန်းရောက် အကြမ်းဖက် ခြိမ်းခြောက်မှုအား အသေးစိတ် ဆွေးနွေးမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ဖွင့်ပွဲ မတိုင်မီ ပြုလုပ်သော နံနက်ခင်း အစည်းအဝေး တစ်ခုအား အာဆီယံ ကာကွယ်ရေး ဝန်ကြီးများက ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့ကာကွယ်ရေး ဝန်ဆောင်မှုဋ္ဌာန အကြီးအကဲ Arsenio Andolong က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသော ဖိလစ်ပိုင်နိုင်ငံသည် ၁၁ ကြိမ်မြောက် ADMM အစည်းအဝေးနှင့် ၄ ကြိမ်မြောက် ASEAN Defense Ministers’ Meeting-Plus (ADMM-Plus) တို့အား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေခြင်း ဖြစ်ပြီး ယင်း အစည်းအဝေးများ၌ အာဆီယံ ဆွေးနွေးဖက် နိုင်ငံများ ဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် စသည့် နိုင်ငံ ၈ နိုင်ငံက ပါဝင်ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးအတွင်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ADMM ကြိုးပမ်းအားထုတ်မှုများ ချောမွေ့ရေး၊ စုပေါင်းညီညာဆောင်ရွက်ရေးနှင့် ထိရောက်မှု ဆန်းစစ်ရေး စသည်တို့အပေါ် ဦးတည်ထားမည့် သုံးနှစ်တာ လုပ်ငန်း အစီအစဉ် အပါအဝင် ပဏာမလုပ်ဆောင်မှုများစွာကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး Delfin Lorenzana က ပြောသည်။

အဆိုပါ အစည်းအဝေးမှ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးနှင့် လေ့ကျင့်ရေး ဖလှယ်မှုများ၊ လေယာဉ် ပူးတွဲလေ့ကျင့်ခြင်းများနှင့် အခြား ကိစ္စရပ်များအတွက် မူဘောင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ADMM ဆိုသည်မှာ အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံး ကာကွယ်ရေးဆိုင်ရာ အကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစည်းအဝေးကြီး ဖြစ်သည်။

ADMM သည် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေး စိန်ခေါ်မှုများ၊ ပွင့်လင်းမြင်သာမှု တိုးမြှင့်ရန် ကြီးမားသော နားလည်မှုမှ တစ်ဆင့် အပြန်အလှန် ယုံကြည်မှုနှင့် စိတ်ချမှု မြှင့်တင်ရေးအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထို့ပြင် ADmm-Plus သည် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အာရှနှင့် ပစိဖိတ်ဒေသမှ ဆွေးနွေးဖက် နိုင်ငံများအကြား ချိတ်ဆက် ညှိနှိုင်းမည့် ပေါင်းကူးစြင်္က ံ တစ်ခုလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.