Politics & Security
ထိုင်းနိုင်ငံ ၏ အမျိုးသားဥပဒေပြုဥက္ကဋ္ဌဟောင်း အား အထက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်အမည်စာရင်းတင်သွင်းခဲ့

ဘန်ကောက်၊ မေ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ၏ အမျိုးသားဥပဒေပြုဥက္ကဋ္ဌဟောင်း ဖြစ်သူ Pornpetch Wichitcholchai အား အထက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်အမည်စာရင်းတင်သွင်းခဲ့ ကြောင်း သိရသည်။
အထက်လွှတ်တော်အမတ်များ က ရွေးကောက်ပွဲအပြီး လွှတ်တော်ပြန်အစတွင် Pornpetch အား အထက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်မဲပေးခဲ့ခြင်းဖြစ်သည်။
ထို့အတူ Singsuek Singphrai အား အထက်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ၊ ရွေးကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Supachai Somcharoen အား အထက်လွှတ်တော် ၏ လက်ထောက်ဒုတိယဥက္ကဋ္ဌ အဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မတ်လ ၂၄ ရက် တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး မေလ ၂၄ ရက် တွင် ထိုင်းနိုင်ငံ ၏ ဘုရင်နှင့် မိဖုရား တို့က လွှတ်တော် အဖွင့်နေ့တွင်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။
လွှတ်တော်ဖွင့်ပွဲ တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) နှင့် သူ၏ အစိုးရအဖွဲ့၊ တက်ရောက်ခဲ့ကြပြီး အမျိုးသားငြိမ်ဝမ်ပိပြားမှုကောင်စီ မှ အဖွဲ့ဝင်များနှင့် အောက်လွှတ်တော် ကိုယ်စားလှယ် ၄၉၈ ယောက်၊ အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ယောက် တို့ တက်ရောက်ခဲ့ကြသည်။
မေလ ၂၅ ရက် တွင် လွှတ်တော်အမတ်များ၏ ကျမ်းသစ္စာကျိန်ဆိုခြင်း နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့ကို မဲပေးရွေးချယ်ရန် အစီအစဉ်ရေးဆွဲထားကြောင်း သိရသည်။ (Xinhua)