Connect with us

China

အကျိုးအမြတ် များစွာရခဲ့သော တရုတ်-ဗြိတိန် စီးပွားရေး ဆွေးနွေးပွဲ

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မာခိုင် နှင့် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အကြီးအကဲ ဂျော့ရှ် အော့စ်ဘွန်းတို့ ၇ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မာခိုင်နှင့် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဋ္ဌာန အကြီးအကဲ ဂျော့ရှ် အော့စ်ဘွန်းတို့ တနင်္လာနေ့က ခုနှစ် ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲအား ပူးတွဲကျင်းပ ခဲ့ပြီး နျူကလီးယား စွမ်းအင်၊ မြန်နှုန်းမြင့် ရထားလမ်း စီမံခန့်ခွဲမှုများမှ ငွေကြေး ဖလှယ်ရေး ကဏ္ဍ တိုးချဲ့ရေး စသော သဘောတူညီမှု ၅၃ ခု ရရှိခဲ့ပါသည်။

အဆိုပါ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲသည် ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်များ၏ သဘောတူညီမှုများအား အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး ရှေ့လတွင် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံကြမည့် အပေါ် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု တရုတ် ဒုတိယ ဝန်ကြီးချုပ် မာခိုင်က ပြောကြားခဲ့သည်။

၇ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ အား ပေကျင်းမြို့တွင် ပူးတွဲကျင်းပစဉ် (ဆင်ဟွာ)

တရုတ်နှင့် ဗြိတိန်တို့၏ စီးပွားရေး တရိပ်ရိပ် တိုးတက်လာမှုသည် ကမ္ဘာ စီးပွားရေး အတွက် မျှော်လင့်ချက် ရောင်ခြည် တစ်ခုဖြစ်သည်ဟု သူကဆက်ပြောသည်။ထို့ပြင် သူကဆက်ပြီး နှစ်နိုင်ငံ အနေဖြင့် G 20 ၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှ အခြေခံ အဆောက်အအုံများ ရင်းနှီး မြှုပ်နှံမှုဘဏ် တို့နှင့်အတူ နိုင်ငံတကာ မက်ခရို စီးပွားရေး မူဝါဒ ကို ညီညွတ်စွာ ဖော်ဆောင်ကြရန်နှင့် ကမ္ဘာ့စီးပွားရေး ထိန်းချုပ်မှု စနစ်ကိုလည်း ပြုပြင် ပြောင်းလဲရန်လည်း တွန်းအား ပေးထားပါသည်။

ဗြိတိန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အကြီးအကဲ အော့စ်ဘွန်းကလည်း ဗြိတိန် နိုင်ငံ အနေဖြင့် ရှေ့လတွင် သမ္မတရှီ၏ ခရီးစဉ်အားလည်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေး အပေါ် ယုံကြည်ကြေင်းနှင့် အနောက်နိုင်ငံ များရှိ တရုတ်နိုင်ငံ၏ ကုန်သွယ်ဘက် နိုင်ငံများ အတွက် အခွင့်အလမ်းများ ပိုမို ဖွင့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သူက ဆိုပါသည်။

ငွေကြေး ဖလှယ်ခြင်းနှင့် လန်ဒန်နှင့် ရှန်ဟိုင်း တို့အကြား စတော့ခ် ချိတ်ဆက်ခြင်းများ အတွက် လွယ်ကူချောမွေ့ စေရန် တိုးမြှင့် ချဲ့ထွင်ရန် နှစ်ဘက်လုံးက သဘောတူ ခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံ၏ ခြောက်ခုမြောက် အကြီးဆုံး ကုန်စည် တင်ပို့သူ ဈေးကွက် ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က အဆင့် ၁၄ ကနေ တက်လာခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ပြီး ပြင်သစ်နှင် ဂျာမနီတို့ နှစ်နိုင်ငံ ပေါင်းထက် ပိုမိုများခဲ့သည်။ (Xinhua)