Connect with us

China

တရုတ်နည်းပညာ ကုမ္ပဏီ သည် အမေရိကန်ရှိ Western Digital တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်

အမေရိကန် နိုင်ငံရှိ Western Digital company အား မြင်တွေရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံမှ နည်းပညာ ကုမ္ပဏီ Unisplendour Corp.Ltd (UNIS) သည် အမေရိကန် နိုင်ငံမှ ဒစ်ဂျစ်တယ် အချက်အလက် သိုလှောင်ရေး ပစ္စည်း ကုမ္ပဏီ Western Digital Corp. (WD) တွင် အမေရိကန် ဒေါ်လာ ၃.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး WD ၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရှယ်ယာ ပိုင်ဆိုင်သူ ဖြစ်လာမည်ဟု သိရသည်။

UNIS ၏ ဟောင်ကောင် ရှိ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်သည့် UNIS Union Information System Ltd သည် WD မှ ရှယ်ယာတစ်စု လျှင် အမေရိကန် ဒေါ်လာ ၉၂.၅ ဒေါ်လာ နှုန်းဖြင့် ရှယ်ယာပေါင်း သန်း ၄၀ ကို ဝယ်ယူသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ နှစ်ခုက ဗုဒ္ဓဟူးနေ့ ည တွင် ကြေညာခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု သည် WD ၏ အရင်းအနှီး ဖွဲ့စည်းမှုတွင် အများဆုံး ဖြစ်လာမည့်အပြင် အနာဂါတ် ဖွံ့ဖြိုးမှု အတွက် လွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း ကို WD ၏ ဥက္ကဌ နှင့် စီအီးအို စတိဗ် မယ်လီဂန် ၏ ပြောကြားချက်များ အရ သိရှိရသည်။

UNIS ၏ ဘုတ်အဖွဲ့ ဥက္ကဌ ကျောက်ဝေ့ကော် မှ ၎င်းရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံ နှင့် အမေရိကန် နိုင်ငံ နည်းပညာမြင့် ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်မှု ၏ စံနမှုနာပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု သဘော တူညီချက် အတွက် သက်ဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု အေဂျင်စီများ၏ ထောက်ခံချက် လိုအပ်နေသေးကြောင်း သိရှိရသည်။

ICWise လေ့လာရေးကုမ္ပဏီ မှ စီစစ်မှုအကြီးအကဲ ကဝမ့်ကျွင်း မှ UNIS ၏ WD နှင့် သဘောတူညီချက်သည် ပထမဦးဆုံး မဟုတ်သလို နောက်ဆုံးလဲ မဟုတ်ကြောင်း နှင့် ရှေ့ဆက် လုပ်ဆောင် မည့် ပူးပေါင်း ဆောင်ရွက် မှု လမ်းကြောင်းများကို တွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။UNIS ကို တရုတ်နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် Tsinghua တက္ကသိုလ်မှ ပိုင်ဆိုင်ပြီး သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာများကို အထူးပြု ဆောင်ရွက်နေကြောင်း သိရသည်။
ကုမ္ပဏီသည် မကြာသေးခင်ကပင် စီးပွားရေး အခွင့်အလမ်းများစွာ ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု များပြားလာစေရန် စည်းရုံး နိုင်ခဲ့သည်။လွန်ခဲ့သောနှစ် အတွင်း ချစ်ပ်စ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် Intel သည် UNIS ၏ အမေရိကန် ဒေါ်လာ ၁.၄၂ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.