Connect with us

China

တရုတ် နိုင်ငံ သည် ကမ္ဘာ့စီးပွားရေး စွန့်စားမှု ၏ အရင်းအမြစ် မဟုတ်ဘဲ တိုးတက်မှု အတွက် အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ ပြောကြား

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား စက်တင်ဘာ ၁၀ ရက်နေ့ သလျန် မြို့တွင် ကျင်းပ သည့် ၂၀၁၅ ခုနှစ် ၉ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ်၌ အဖွင့်အမှာ စကား ပြောနေစဉ် (ဆင်ဟွာ)

သလျန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် တရုတ် နိုင်ငံ သလျန်မြို့တွင် ယနေ့ကျင်းပသည့် ၉ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကား ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှ အဖွင့်အမှာ စကားပြောကြား ရာတွင် တရုတ် နိုင်ငံသည် ကမ္ဘာ့စီးပွားရေး စွန့်စားမှု၏ အရင်းအမြစ် မဟုတ်ဘဲ တိုးတက်မှု အတွက် အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီခဲ့ချန်မှ တရုတ် နိုင်ငံ ၏ စီးပွားရေး တည်ငြိမ် တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေး ကိုလည်း အကျိုးရှိ စေကြောင်း ၊ ယခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု စုစုပေါင်း ပမာဏ၏ ၃၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ၊ ကမ္ဘာ့ကုန်သွယ်မှု ကျဆင်းခြင်းနှင့် ကုန်စည် ဈေးနှုန်း တန်းဖိုး ကြီးမားစွာ ကျဆင်းခဲ့မှုသည် ၊ တရုတ် နိုင်ငံ၏ သွင်းကုန်/ပို့ကုန် တန်ဖိုးပမာဏ တိုးတက်နှုန်းကို နှေးကွေး စေခဲ့ကြောင်း ၊ သို့သော် လက်တွေ့ ကုန်စည် သွင်းကုန် ပမာဏသည် လျော့ကျ မသွားဘဲ အနည်းငယ် မြင့်တက် ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အရည်အသွေးမြင့် သွင်းကုန်/ပို့ကုန် မူဝါဒ အောက်တွင် သွင်းကုန် ဆိုင်ရာ ဆောင်ရွက်မှုအား တက်ကြွစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နောက်ပိုင်း ကာလတွင် သွင်းကုန် ပမာဏ ပိုမို များပြား လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု သည်လည်း ဆက်လက် မြင့်တက် လာမည် ဖြစ်ကြောင်း ၊ ပြည်ပ ခရီးသွားလာမှု ဦးရေသည်လည်း ပိုမို များပြား လာမည် ဖြစ်ကာ ယခင်နှစ် ပြည်ပ ခရီးသွား ဦးရေသည် သန်း ၁၀၀ ကျော် ရှိခဲ့ပြီး ယခု ပထမ နှစ်ဝက် တွင်လည်း ၁၀ ရာခိုင်နှုန်း ထပ်မံ မြင့်တက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံသားများ ပြည်ပ ခရီးသွားရာတွင် လည်ပတ်သည့် အပြင် ကုန်ပစ္စည်း ဝယ်ယူမှုများပင် အတူတကွ တွေ့ရသဖြင့် တရုတ် ပြည်သူ လူထု၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ ကောင်းမွန်သော လက္ခဏာကို သိမြင် နိုင်ကြောင်း ၊ တရုတ် နိုင်ငံသည် ဝင်ငွေထွက်ငွေ ချင့်ချိန် သုံးစွဲသည့် ရိုးရာ အစဉ်အလာ ရှိသဖြင့် တည်ငြိမ်သော ဝင်ငွေ တစ်ရပ် မရှိပါက သုံးစွဲမှုများ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၊ ထို့ကြောင့် လက်တွေ့ အခြေအနေ များအရ တရုတ် နိုင်ငံသည် ကမ္ဘာ့စီးပွားရေး စွန့်စားမှု၏ အရင်းအမြစ် မဟုတ်ဘဲ တိုးတက်မှု အတွက် အရင်းအမြစ် တစ်ခု ဖြစ်သည်ကို သိရှိ နိုင်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ၉ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အား စက်တင်ဘာလ ၉ ရက် မှ ၁၁ ရက်နေ့ အထိ ကျင်းပနိုင်မည် ဖြစ်သည်။ (Xinhua)