China
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှ စတော့ရှယ်ယာ ဈေးကွက်တွင် တရားမဝင် ပြစ်မှု ဆောင်ရွက်နေသူများအား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်
ပေကျင်း ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
လက်တလော ရက်ပိုင်းအတွင်း တရုတ် နိုင်ငံ စတော့ရှယ်ယာ ဈေးကွက်တွင် မတည်ငြိမ်မှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် တရုတ် နိုင်ငံ စတော့အိတ်ချိန်း စိစစ်ရေး အဖွဲ့ တို့မှ လေ့လာ သုံးသပ်မှုများ ပြုလုပ်ပြီး စတော့ရှယ်ယာ ဈေးကွက် အတွင်း တရားမဝင် ပြစ်မှုကျူးလွန် သူများကို တစ်နိုင်ငံလုံးရှိ ရဲဌာန များမှ တရား ဥပဒေ အရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ ရဲတပ်ဖွဲ့မှ ဌာန အသီးသီးအား အထက်ညွှန်ကြား ချက်များကို အနီးကပ် လိုက်နာပြီး ဈေးကွက် အတွင်း တရားမဝင် အပေးအယူ ဆောင်ရွက်သူများ ၊ အရေးကြီး အတွင်း သတင်းအချက်အလက် ပေါက်ကြား စေသူများ ၊ မဟုတ်မမှန်သည့် သတင်းများ ပြုလုပ် ဖြန့်ဝေသူများ ၊ စတော့ရှယ်ယာ ဈေးကွက်အား ကြိုးကိုင် ဆောင်ရွက်နေသူ များအား တရားဥပဒေ အရ စစ်ဆေး သွားမည်ဖြစ်သည်။
ထို့ပြင် ရည်ရွယ်ချက်ရှိစွာ စတော့ရှယ်ယာ များအား အကုန်ရောင်းထုတ်၍ ကျဈေးဖြင့် ပြန်လည်ဝယ်ယူမှု များကိုလည်း သက်ဆိုင်ရာ ဌာန များနှင့် အမြန်ဆုံး စစ်ဆေးမှု များပြုလုပ်ပြီး ဥပဒေ အရ အရေးယူဆောင်ရွက်မှု များပြုလုပ်ကာ စတော့ရှယ်ယာ ဈေးကွက် ပုံမှန် လည်ပတ်မှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူ လူထုများ၏ အကျိုးစီးပွားကို ကာကွယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)