Connect with us

China

တရုတ် နိုင်ငံ၏ ပထမ နှစ်ဝက် စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်း မြင့်တက်

၂၀၁၅ ခုနှစ် ပထမ နှစ်ဝက် GDP တန်ဖိုး မြင့်တက်လာမှု သရုပ်ဖော်ပုံ (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ဗဟို စာရင်းဌာန၏ ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက် ပြည်တွင်း ထုတ်လုပ်မှု တန်းဖိုး (GDP) သည် တရုတ်ယွမ်ငွေ ၂၉.၆၈၆၈ ထရီလီယံ ရှိခဲ့ပြီး နှိုင်းယှဉ်မှု အရ စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံတော် ဗဟို စာရင်းဌာန၏ ပြောရေး ဆိုခွင့်ရှိသူ စိန့်လိုင်ယွင့် (Sheng Laiyun) မှ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ၏ ပထမ နှစ်ဝက် စီးပွားရေး လည်ပတ်မှု အခြေအနေသည် လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း တည်ရှိပြီး အဓိက သတ်မှတ်ချက် များသည်လည်း တည်ငြိမ်စွာဖြင့် တိုးတက်နေကြောင်း ပြောကြား ခဲ့သည်။

စာရင်း ပြုစုချက်မျာအရ ပထမ နှစ်ဝက်တွင် ပထမတန်း စီးပွားရေး လုပ်ငန်း တန်ဖိုး ယွမ်ငွေ ၂.၀၂၅၅ ထရီလီယံ ရှိ ခဲ့ကာ ၃.၅ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ ဒုတိယတန်း စီးပွားရေး လုပ်ငန်း တန်ဖိုး ယွမ်ငွေ ၁၂.၉၆၄၈ ထရီလီယံ ရှိ ခဲ့ကာ ၆.၁ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ တတိယတန်း စီးပွားရေး လုပ်ငန်း တန်ဖိုး ယွမ်ငွေ ၁၄.၆၉၆၅ ထရီလီယံ ရှိ ခဲ့ကာ ၈.၄ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။

စိုက်ပျိုးရေး လုပ်ငန်းတွင် အခြေအနေ ကောင်းမွန်ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် တည်ငြိမ်မှု ရှိခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာ ပထမ နှစ်ဝက် စိုက်ပျိုးရေး ထွက်ရှိမှု သည် ၁၄၁.၀၇ သန်း မက်ထရစ်တန် ရှိခဲ့ကာ ယခင်နှစ်ထက် ၄.၄၇ သန်း မက်ထရစ်တန် မြင့်တက်ခဲ့ကာ တိုးတက်မှု ၃.၃ ရာခိုင်နှုန်း ရှိခဲ့သည်။ ကုန်ထုတ်လုပ်မှု ကဏ္ဍ တွင်လည်း ဈေးနှုန်း နှိုင်းယှဉ်မှု အရ ၆.၃ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း သိရှိရသည်။

ပုံသေ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အနည်းငယ် ကျဆင်းခဲ့ပြီး ကုန်ပစ္စည်း သုံးစွဲမှု အခြေအနေ မှာ ကြံ့ခိုင်မှု ရှိခဲ့သည်။ ပုံသေ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ ၂၃.၇၁၃၂ ထရီလီယံ ရှိခဲ့ပြီး ယခင်ထက် ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကုန်ပစ္စည်း သုံးစွဲမှု စုစုပေါင်း တန်ဖိုး ယွမ်ငွေ ၁၄.၁၅၇၇ ထရီလီယံ ရှိခဲ့ပြီး ယခင်ထက် ဝ.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။မြို့ပြကျေးရွာ တူညီမှု ဆောင်ရွက်မှု အဖွဲ့ မှ စာရင်းအရ ပထမ နှစ်ဝက် ၏ တရုတ် နိုင်ငံ တစ်နိုင်ငံလုံးရှိ ပြည်သူ့ ပျမ်းမျှ ဝင်ငွေ ပိုငွေ သည် ၁၀၉၃၁ ယွမ် ရှိခဲ့ပြီး ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မြို့နေ ပြည်သူ ၏ ဝင်ငွေ ပိုငွေ သည် ၁၅၆၉၉ ယွမ်ရှိပြီး ၈.၁ ရာခိုင်နှုန်း မြင့်တက်ကာ ကျေးရွာ နေပြည်သူ ၏ ဝင်ငွေပိုငွေ သည် ၅၅၅၄ ယွမ်ရှိပြီး ၉.၅ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။

တတိယတန်း လုပ်ငန်း တိုးတက်မှု သည် GDP စုစုပေါင်း ၏ ၄၉.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင် ထက် ၂.၁ ရာခိုင်နှုန်း တိုးတက် ခဲ့ကာ ဒုတိယတန်း လုပ်ငန်း တိုးတက်မှု ထက် ၅.၈ ရာခိုင်နှုန်း မြင့်မား ခဲ့သည်။ ပထမ နှစ်ဝက် ၏ သုံးစွဲမှု ပမာဏ သည် GDP ၏ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်ထက် ၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

စိန့်လိုင်ယွင့်မှ စီးပွားရေး တိုးတက်မှု ညွှန်းကိန်းများမှာ ကောင်းမွန်သည့် အခြေအနေတွင် တည်ရှိပြီး စီးပွားရေး ဖ့ွံဖြိုး တိုးတက်ရေး အတွက် တွန်းအားများ အဆက်မပြတ် တိုးတက်နေကြောင်း ၊ သို့သော် ပြည်တွင်းပြည်ပ စီးပွားရေး မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု မှာလည်း နှေးကွေး နေကြောင်း ၊ တရုတ် နိုင်ငံ စီးပွားရေး အခြေခံ မှာလည်း ပိုမို ခိုင်မာမှု ရရှိရန် လိုအပ်သေးကြောင်း ပြောကြား ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117