Connect with us

Local

ကယား ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပမည်

လွိုင်ကော်မြို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ကယားပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး အတွက် မေ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် လွိုင်ကော်မြို့၌ ကယား ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း အဓိကရင်းနှီးမြှုပ်နှံရန် လိုအပ်နေသော ကဏ္ဍများ မှာ စိုက်ပျိုးမွေးမြူရေး၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် ခရီးသွား လာရေး လုပ်ငန်းများ ဖြစ်ကြောင်း၊ ၎င်းကဏ္ဍကြီး သုံးရပ်ကို ဦးစားပေး ဖိတ်ခေါ် သွားရန်ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံ သူများ တိုးပွားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် JICA နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှု ပြပွဲများကို စီစဉ်ကျင်းပခဲ့ရာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ လတွင် မန္တလေး၊ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကြီး၊ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ်တို့၌ ကျင်းပခဲ့သည်။

သို့သော်လည်း ယခုကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်များသည် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ၏ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့က စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီး နှင့် ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ တိုးတက်လာရေး အစိုးရပိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအကြား တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်း လည်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.