Connect with us

Local

မြန်မာနိုင်ငံစီးပွားရေး အကောင်းဘက်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်မှထုတ်ပြန်

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ၏ စီးပွားရေးသည် ၂၀၁၆-၂၀၁၇ ခုနှစ် တွင် အနည်းငယ် အရှိန်နှေးသွားခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ပြည်တွင်းပြည်ပ မရေရာမသေချာသည့် အခြေအနေများအကြား အကောင်းဘက်တွင် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာ သစ်တွင် ပါရှိသည်။

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “ကမ္ဘာ့ဘဏ်အုပ်စု မြန်မာ့စီးပွားရေးစောင့်ကြည့်တဲ့ စီးပွားရေးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားက အလွန်အရေးပါတဲ့ ပွဲဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ယူဆပါတယ်။အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ ADB တို့မှ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သော ငွေကြေးအထောက်အပံ့ကိုပေးနေတာ လည်း အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ တိကျမှန်ကန်တဲ့ အချက်အလက်တွေရယူပြီး အကျိုးရှိအောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံရဲ့စီးပွားရေးတွေက တိုးတက်လာမှာဖြစ်ပါတယ်။’’ ဟုပြောသည်။

ကမ္ဘာ့ဘဏ်မှ ဒါရိုက်တာ Ellen Goldstein (အယ်လန်ဂိုးစတိန်း) အားတွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကျယ်ပြန်သောဖွံ့ဖြိုးမှုဖြစ်သည် ဟု တွေ့ရှိရကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလျက်ရှိကာ တိုင်းပြည် ၏ ဘဏ္ဍာရေး နှင့် external balance အခြေအနေကောင်းလာခဲ့ကြောင်း သိရသည်။ ပြည်ပပို့ကုန် နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားကောင်းလာခဲ့ ခြင်းကြောင့် ကျပ်ငွေတန်ဖိုးလည်း အနည်းငယ်ပိုခိုင်မာလာခဲ့ကြောင်း၊ စီးပွားရေးအလားအလာ သည် အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပြီး၊ ယင်းတို့ကို ထိရောက်စွာ ကိုင်တွယ် ခြင်းမပြုပါက စီးပွားရေး အနာဂတ်အလားအလာအပေါ် သက်ရောက်မှုရှိနိုင်သည် ဟု ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် စောင့်ကြည့် အစီရင်ခံစာတွင် ပါရှိသည်။

ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆-၂၀၁၇ တွင် ၅.၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၂၀၁၈ တွင် ၆.၄ ရာခိုင်နှုန်း သို့ရောက်ရှိလာကြောင်း၊ သို့သော် ခရီးသွားလုပ်ငန်း နှင့် ငွေရေးကြေးရေး ဘဏ်လုပ်ငန်းကဏ္ဍတို့တွင် မရေရာမှုများကြောင့် အနည်းငယ်နှေးကွေးခဲ့သည် ဟုတွေ့ရှိရကြောင်း အစီရင်ခံစာ တွင် ပါရှိသည်။

ကမ္ဘာ့ဘဏ်မှ ဒါရိုက်တာ Ellen Goldstein (အယ်လန်ဂိုးစတိန်း) က “မြန်မာနိုင်ငံရဲ့စီးပွားရေး နှင့်အခြားကဏ္ဍများရဲ့ အပြောင်းအလဲကို မျက်မြင်တွေ့ရတဲ့အတွက် ကျွန်မ အကျိုးအမြတ်များစွာရရှိပါတယ်အရမ်းအရေးကြီးတဲ့ကိစ္စကတော့ ဒီတိုင်းပြည်က ပြုပြင်ပြောင်းလဲမှု ရဲ့အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းလျက်ရှိပြီး တိုင်းပြည်က အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းတွေဖွံ့ဖြိုးတိုး တက်မှုတွေကိုထိန်းသိမ်းလျက်ရှိပါတယ်။ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် မြန်မာ့လူ့အသိုက်အဝန်းကို အဆင့်မြင့်မြင့်တိုးတက်စေမှာလည်းဖြစ်ပါတယ်’’ ဟုပြောသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံ ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် အကောင်းဘက်တွင် ရှိနေပြီး ၆.၇ ရာခိုင်နှုန်း သို့ရောက်ရှိလာမည်ဟု ခန်းမှန်းထားကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆- ၂၀၁၇ခုနှစ်တွင် ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇- ၂၀၁၈ ခုနှစ် တွင် ၅.၅ ရာခိုင်နှုန်း သို့ ကျဆင်းခဲ့ပြီး ၂၀၁၈- ၁၉ တွင် ၄.၉ ရာခိုင်နှုန်း အထိ ကျဆင်းမည် ဟု ခန့်မှန်းကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် က “ကျွန်တော့်အနေနဲ့ Economic Monitor May 2018 အပေါ်ယုံကြည်မှုရှိပြီး နိုင်ငံအတွက် ရှင်းလင်းတဲ့ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း တိုးတက်မှုကို အထောက်အကူပြုပေးမှာဖြစ်တယ်။ ဒါက ကျွန်တော်တို့နိုင်ငံကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြတဲ့ ငယ်ရွယ်တက်ကြွသူများ အတွက်သာမက အရည်အချည်း မပြည့်ဝသော သို့မဟုတ် အရည်အချင်း တစ်ဝက်တစ်ပျက်ပြည့်ဝသော မြန်မာနိုင်ငံသားများကိုလည်း ပြန်လည်ဆောင်ကြဉ်းပေးလာမှာ ဖြစ်ပါတယ်။’’ ဟုပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.