Connect with us

Local

မဒေးကျွန်းမှ စတင် ပို့လွှတ်ခဲ့သည့် နိုင်ငံတကာဈေးကွက်မှ ရေနံစိမ်းများ နမ့်ခမ်း တိုင်းတာရေး စခန်းသို့ရောက်ရှိ

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း အောင်မြင်စွာပို့လွှတ်နိုင်ခြင်း အခမ်းအနားအား နမ့်ခမ်းတိုင်းတာရေးစခန်း၌ ကျင်းပနေစဉ် (ဆင်ဟွာ)

နမ့်ခမ်း ၊ မေ ၁၉ ရက်(ဆင်ဟွာ)

မဒေးကျွန်းမှ မေလ ၂ ရက်တွင် စတင် ပို့လွှတ်ခဲ့သည့် နိုင်ငံတကာဈေးကွက်မှ ရေနံစိမ်းများသည် မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်း တိုင်းတာရေး စခန်းသို့ယနေ့မေ ၁၉ ရက် နံနက်ပိုင်း အချိန်တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း အောင်မြင်စွာ လည်ပတ်ခြင်းဖြစ်ကြောင်း နှင့် လုပ်ငန်း အစီအစဉ် အပိုင်းကဏ္ဍ အသစ်သို့ဝင်ရောက် ခဲ့ကြောင်း သိရသည်။ရေနံပိုက်လိုင်း စီမံကိန်း အောင်မြင်စွာ လည်ပတ်နိုင်ရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ပိုက်လိုင်းတွင် ရေဖြင့် စမ်းသပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ၊ ထိုသို့စမ်းသပ်ခြင်းမှ ပိုက်လိုင်းရှိ စက်ပစ္စည်း အားလုံး ကောင်းမွန်ကြောင်း နှင့် ပိုက်လိုင်း ပုံမှန် လည်ပတ်ရန် အဆင်သင့် ဖြစ်ကြောင်း ပြသ ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း စတင် လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘောတူ စာချုပ် အရ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့လွှတ်မည်ဖြစ်သည်။ ၎င်းအနက် ရေနံစိမ်း တန်ချိန်ပေါင်း သိန်း ၂၀ ကို မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက် အတွက် ဖြည့်ဆည်း ပေးမည်ဖြစ်ရာ ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက်လည်း အထောက်အကူ ပြုနိုင်ကြောင်း သိရသည်။ထို့ပြင် ရေနံပိုက်လိုင်းမှ ရေနံစိမ်း တစ်တန် ပို့လွှတ်တိုင်း မြန်မာနိုင်ငံမှ ဖြတ်သန်းခ တစ်ဒေါ်လာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းရှိ ဝန်ထမ်းများအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ရရှိနိုင်သည့် အကျိုးအမြတ်မှာ နိုင်ငံတော် အခွန် ဝင်ငွေ နှစ်စဉ် Rightway fee ကန်ဒေါ်လာ ၁၃.၈၁ သန်း တို့ဖြစ်၍ စီမံကိန်း၏ အစု ရှယ်ယာဝင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ဝင်ငွေ ၊ Training ရန်ပုံငွေ နှင့် လူမှုစီးပွား ပံ့ပိုးငွေ တို့ကိုလည်း နှစ် ၃၀ ကြာ ခံစားနိုင်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်း မှ ထိန်းချုပ်ရေးအခန်းကိုတွေ့ရစဉ် (ဆင်ဟွာ)

ထို့အတူ မြန်မာ-တရုတ် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စတင် လည်ပတ်ချိန်မှ ယခုချိန် အထိ ကျောက်ဖြူ ၊ ရေနံချောင်း ၊ တောင်သာ နှင့် မန္တလေး off-take station ၄ ခုဖြင့် မြန်မာ ပြည်တွင်း အတွက် သဘာ၀ ဓာတ်ငွေ့ကုဗမီတာ ၁.၆ ဘီလီယံ(ကုဗပေသန်း ၅၆၅၀၄)ကျော် ပို့လွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းရှိ ဝန်ထမ်းများအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံပိုက်လိုင်း ပို့ဆောင်ရေး သဘောတူ စာချုပ်ကို ယခု ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်တွင် နှစ်နိုင်ငံ တရားဝင် စာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်း စတင် လည်ပတ်ခဲ့ပြီး နိုင်ငံတကာ ဈေးကွက်မှ ရေနံစိမ်းကို မဒေးကျွန်း ဆိပ်ကမ်းတွင် လွှဲပြောင်းခဲ့ကြောင်း သိရသည်။

နမ့်ခမ်းတိုင်းတာရေးစခန်းသို့စတင်ရောက်ရှိလာသော ရေနံစိမ်းများအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းရှိ ဝန်ထမ်းများအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနံ ပိုက်လိုင်း ပါဝင်ပြီး ၂၀၁၀ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် ရေနံပိုက်လိုင်းကို မြန်မာ့ ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ( MOGE ) နှင့် တရုတ် CNPC တို့မှ အကျိုးတူ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်တွင် စီမံကိန်း တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.