Connect with us

Local

အကောက်ခွန်မဲ့ ပစ္စည်း ကျပ်သန်း ၃၉ဝ ကျော် ရက်သတ္တပတ် တစ်ပတ် အတွင်း သိမ်းဆည်း ရမိ

သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းတစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ လေဆိပ် ကုန်လှောင်ရုံ ၊ ဆိပ်ကမ်းများ ၊ အထူးကင်း ၊ ရေပူ စစ်ဆေးရေး စခန်းနှင့် အကောက်ခွန် နယ်မြေ ဒေသ အသီးသီးတို့တွင် အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်မဲ့ ပစ္စည်းများအား တားဆီး စစ်ဆေး အရေးယူ လျက်ရှိရာ မေ ၁၂ ရက်မှ ၁၈ ရက်အတွင်း အကောက် ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်း ၃၉ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၂ ဒသမ ၁၄၈ သန်းခန့်)ကို မေ ၁၂ ရက်မှ ၁၈ ရက် အတွင်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ယင်းသို့ တားဆီးသိမ်းဆည်းရမိခဲ့ရာတွင် ရန်ကုန်ဆိပ်ကမ်းက တားဆီးမှု တစ်မှု (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၇ ဒသမ ဝဝ၂ သန်းခန့်) ၊ မန္တလေး တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ၁ဝ မှု(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃ ဒသမ ၈၇၈ သန်းခန့်)၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု ၃၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃ ဒသမ ၁၃ သန်းခန့်)၊ မရမ်းချောင်စစ်ဆေးရေးစခန်းမှ တားဆီးမှု ၂၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉ဝ ဒသမ ဝ၈၄ သန်းခန့်)၊ ပဲခူး တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု နှစ်မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃ဝ ဒသမ ၇၂၅ သန်းခန့်)၊ ဘားအံမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု ငါးမှု (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂ ဒသမ ဝ၈၆ သန်းခန့်) ၊ မြစ်ကြီးနား မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု နှစ်မှု (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅ ဒသမ ၂၄၃ သန်းခန့်) စုစုပေါင်း ၇၈ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၂ ဒသမ ၁၄၈ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117