Connect with us

Local

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ နဝမနေ့တွင် ကျောက်စိမ်း အတွဲ ၉၂၅ တွဲကို ယူရိုငွေ ၁၁၈.၆၉၁ သန်းဖြင့် ရောင်းချ နိုင်ခဲ့

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ နဝမနေ့ဖြစ်သည့် ဇွန် ၂၈ ရက်တွင် ကျောက်စိမ်း အတွဲ ၉၂၅ တွဲကို ယူရိုငွေ ၁၁၈.၆၉၁ သန်းဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်း၏ ထုတ်ပြန်မှု အရ သိရသည်။

ပြပွဲ နဝမနေ့တွင် ကျောက်စိမ်း အတွဲ အမှတ် (၄၆၀၁)မှ (၅၇၅၀)အထိကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချ ခဲ့ရာ ကျောက်စိမ်း အတွဲ ၉၂၅ တွဲကို ယူရိုငွေ ၁၁၈.၆၉၁ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ရာ ဇွန် ၂၃ ရက်တွင် ကျောက်မျက်အတွဲ ၆၉ တွဲ ၊ ဇွန် ၂၄ ရက်တွင် ကျောက်စိမ်း အတွဲ ၉၇၃ တွဲ ၊ ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ၈၃၃ တွဲ ၊ ဇွန် ၂၆ ရက်တွင် ကျောက်စိမ်း အတွဲ ၈၁၈ တွဲ ၊ ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲနှင့် ဇွန် ၂၈ ရက်တွင် ကျောက်စိမ်း အတွဲ ၉၂၅ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.