Connect with us

Local

မြိတ်ကျွန်းစုဒေသ ကော့သောင်းမြို့ သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြင့်တက်

မြိတ်ကျွန်းစု ဒေသအတွင်းရှိ ကြက်မောက်ကျွန်းသို့ လာရောက်လည်ပတ်သော ခရီးသွားများ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မြိတ်ကျွန်းစုဒေသ ကော့သောင်းမြို့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုမှာ တဖြည်းဖြည်း မြင့်တက်လျက် ရှိရာ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် နှစ်သိန်း ခုနှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့မြင့်တက်လာရခြင်းမှာ ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်း၊ ညအိပ် ခရီးစဉ်များ အဖြစ် နေ့ချင်းပြန် ခရီးစဉ်များကို မြိတ်ကျွန်းစု ဒေသအတွင်း စက်တပ်ရွက် လှေများဖြင့် လှည့်လည်လည် ပတ်ကြည့်ရှုခြင်း အား ဖြေလျှော့ခွင့် ပြုပေးခဲ့ခြင်းများကြောင့် ဖြစ်ပြီး ယခင် ၂၀၁၅ ခုနှစ် အတွင်း အပျော်စီး စက်တပ်ရွက်လှေ ခရီးစဉ် အနေဖြင့် ခရီးသွားဧည့်သည် ၃,၂၄၈ ဦး ဝင်ရောက လည်ပတ်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများ အတွင်း ကော့သောင်းမြို့ရှိ ဟိုတယ်များမှာ အခန်းပြည့် ငှားရမ်းရသည် အထိ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မှာ မြင့်တက် လျက်ရှိပြီး ဇန်နဝါရီလ အတွင်း အပျော်စီး စက်တပ် ရွက်လှေဖြင့် ဝင်ရောက်လာသော ခရီးသွား ဧည့်သည် ၇၁၃ ဦးရှိခဲ့ကြောင်း သိရသည်။

မြိတ်ကျွန်းစု ဒေသအတွင်း သွားလာလည်ပတ်ရန် အကောင်းဆုံးကျွန်း များမှာ ကြက်မောက်ကျွန်း၊ အနောက် ကျွန်းနီကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက်တော် ဝင်ကျွန်း၊ အမှတ်(၁၁၅) ကျွန်း၊ ညောင်ဝှီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက် သင်ပုန်းကျွန်း၊ ဝအလယ်ကျွန်း၊ နတ်သမီး ရေတွင်းကျွန်းများ ဖြစ်ပြီး အဆိုပါ ကျွန်းများတွင် ခရီးသွား ဧည့်သည်များအနေဖြင့် ရေငုပ်ခြင်း၊ ရေအောက်ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံလူမျိုးယဉ်ကျေးမှုနှင့် လမုတောများ ကြည့်ရှုခြင်း၊ တောတွင်း လမ်းလျှောက်ခြင်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီ တိုင်းဒေသကြီး မြိတ်ကျွန်းစု ဒေသသည် ပထဝီအနေအထား သတ်မှတ်ချက်အရ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၁,၃၂ဝ ကျယ်ဝန်းပြီး ပင်လယ်ပြင်မှာ ကျွန်းကြီး ၈ ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းဖြင့် ဖွဲ့စည်း ထားရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.