Connect with us

Local

၂၀၁၆ စင်ကာပူ နိုင်ငံတကာ လက်ဝတ်ရတနာ ပြပွဲများ ဇူလိုင်လတွင် ကျင်းပမည်

နိုင်ငံတကာ လက်ဝတ် ရတနာပြပွဲ ကျင်းပမည့် စင်ကာပူ နိုင်ငံရှိ Marina Bay Sands Expo and Convention Center အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံရှိ Marina Bay Sands Expo and Convention Center တွင် ၂၀၁၆ စင်ကာပူ နိုင်ငံတကာ လက်ဝတ် ရတနာပြပွဲ (Singapore International Jewelry Expo 2016 ) များအား ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၄) ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ လာရောက် ပြသမည် ဖြစ်ပြီး၊ အရှေ့တောင်အာရှ၏ အနုစိတ် ကျောက်မျက်ရတနာ လက်ရာများ ကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။ ပြပွဲတွင် အရှေ့တောင်အာရှမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ လာရောက်မည် ဖြစ်သည့်အတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အချင်းချင်း ဝယ်လက်များ ရှာဖွေနိုင်ကြောင်း ၊ အရှေ့တောင်အာရှ၏ အကြီးဆုံး ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့မှ ဝယ်လက်များကို လည်း ရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ သွားရောက်လိုသည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များသည် မေလ ၂၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.