Connect with us

Local

သီလဝါအထူးစီးပွားရေးဇုန် အပိုင်း-ခ ဧက ၂၅ဝ တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မြေငှားရမ်းမှု ၅ဝ ရာခိုင်နှုန်းအထိရှိဟုဆို

သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

သီလဝါအထူးစီးပွားရေးဇုန် အပိုင်း-ခ ပထမအဆင့် ဟတ်တာ ၁ဝ၁ (ဧက ၂၅ဝ) တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများ၏ မြေငှားရမ်းမှု ၅ဝ ရာခိုင်နှုန်းအထိ ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရ သည်။

”ဇုန်ဘီ (အပိုင်း-ခ)ရဲ့ ပထမပိုင်း ဟတ်တာ ၁ဝဝ ကို အခုလာမယ့် သြဂုတ်လမှာ ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်၊ နောက်ထပ် ဇုန်ဘီရဲ့ ဒုတိယပိုင်းအနေနဲ့ ဆက်လုပ်မယ့် ၆၆ ဟတ်တာကိုတော့ ၂ဝ၁၉ ခုနှစ် သြဂုတ်လမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်၊ အခု ဇုန်ဘီ ပထမပိုင်း ဟတ်တာ ၁ဝဝ က ဖွံ့ဖြိုးမှုတွေ လုပ်နေပြီ။ ဇုန်ဘီမှာ ရင်းနှီးမြှုပ်နှံလိုသူ တွေကိုလည်း ရင်းနှီးမြှုပ်နှံခွင့်ပါမစ် ထုတ်ပေးနေသလို မြေနဲ့ပတ်သက်ပြီး လာရောက်ညှိနှိုင်းနေတဲ့ ကုမ္ပဏီတွေ လည်း ရှိပါတယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် အပိုင်း-ခတွင် ဟတ်တာ ၇ဝဝ ဖော်ဆောင်မည်ဖြစ်ပြီး ပထမအဆင့် ဟတ်တာ ၁ဝ၁ ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ဒုတိယ အဆင့် ၆၆ ဒသမ ၄ ဟတ်တာကိုမူ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ လတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် ပြီး ၂ဝ၁၉ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ရန် ရည်ရွယ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၈ ခုနှစ် သြဂုတ်တွင် အကောင်အထည်ဖော်မှု ပြီးစီးမည့် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း-ခ ပထမ အဆင့် ဟတ်တာ ၁ဝ၁(ဧက ၂၅ဝ)တွင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီခြောက်ခုကို မြေငှားရမ်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ ခြောက်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၁၉ သန်း ရှိကြောင်း၊ နောက်ထပ် ကုမ္ပဏီသုံးခုသည်လည်း investment ပါမစ်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။နိုင်ငံတော်အစိုးရအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို ဟတ်တာ ၂၄ဝဝ အထိ ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန် ပထမဆင့် သီလဝါအထူးစီပွားရေးဇုန် အပိုင်း-က ၄ဝ၅ ဟတ်တာ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.