Connect with us

Local

မြန်မာ့ရိုးရာစားသောက်ကုန်လုပ်ငန်းများ FDA ထောက်ခံချက်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်တင်ပြ

နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးဆောင်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ (၁၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာစားသောက်ကုန်လုပ်ငန်းများသည် FDA ထောက်ခံချက်မရရှိသေးပဲ စည်ပင်၊ကျန်းမာရေးလိုင်စင်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်နေရသောကြောင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသည့်လုပ်ငန်းများအား FDA (မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ထောက်ခံချက်ရရှိနိုင်ရေး ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းနိုင်မှ ဆွေးနွေးပြောကြားစဉ်(ဓာတ်ပုံ–UMFCCI)

စက်မှုဇုန်များအတွင်း လမ်းများ အလွန်ပျက်စီးနေခြင်း၊ ရေသန့် မရရှိနိုင်သေးခြင်း၊ လူမှုဖူလုံရေး ဆေးခန်း/ ဆေးရုံ မရှိသေးခြင်း၊ စက်ရုံများအနေဖြင့် လျှပ်စစ်မီတာခ အပိုထပ်ဆောင်းယူနစ် ၁၀ရာခိုင်နှုန်း အပြင်မြင်းကောင်ရေ ကြေးအား လစဉ်ပေးဆောင်နေရခြင်း၊ စည်းကမ်းမဲ့ ကျူးကျော်များကြောင့် ရေစီးဆင်းမှုနှင့် လမ်းများဆိုးရွားလာခြင်း၊ လမ်းသမားအမည်ခံကျူးကျော်သူများကတဲထိုးပိတ်ဆို့ငွေညှစ်နေခြင်း

စသည့် အခက်အခဲများအား ဖြေရှင်းရန် သက်ဆိုင်ရာ တိုင်းဒေသကြီး စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ ပါဝင်သည့် ဦးဆောင်အဖွဲ့သည် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် ပုံမှန်အစည်းအဝေးများကျင်းပပြီး အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာနှင့် အမြဲမပြတ်ဆောင်ရွက်ပေးနိုင်သည့် ယန္တယား (Mechanism) တစ်ခု ဖော်ဆောင်ရန်ဟူ၍ တင်ပြခဲ့ကြောင်း သိရသည်။

ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် မင်္ဂလာဒုံစက်မှုဇုန်၏ ပင်မဝင်ပေါက်တွင် ဈေးသည်များ၊ တရားမဝင်ဆိုင်ကယ် ကယ်ရီများနှင့် မှတ်တိုင်တွင် ဆိုက်ရပ်ခြင်းမရှိသော YBS ယာဉ်များကြောင့် ဝင်ပေါက်ပိတ်ဆို့နေပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန်၊ မြန်မာ့စက်မှုဇုန်များ အထူးသဖြင့် ရွှေလင်ပန်းစက်မှုဇုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် အမှတ် (၂) နှင့် အေးသာယာစက်မှုဇုန်တို့တွင် လုပ်သားများ လုပ်ငန်းခွင်ထိခိုက်မှုများ နှင့် လူမှုဖူလုံရေး အကျုံးဝင်လုပ်သားများအတွက် လူမှုဖူလုံရေးအဖွဲ့က ဆေးရုံနှင့် ဆေးခန်းများ တည်ဆောက်ဖွင့်လှစ်ပေးရန် နှင့် မြေနေရာရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးပါရန် နှင့်ပခုက္ကူစက်မှုဇုန်ရှိ စက်ရုံ အလုပ်ရုံ အများစုသည် ရပ်ဆိုင်းထားသည့်အခြေအနေတွင်ရှိနေပြီး၊ အလုပ်ရုံအချို့တွင် မြို့တွင်းသို့ တရားမဝင်ပြောင်းရွှေ့လုပ်ကိုင်နေခြင်းကြောင့် စက်မှုဇုန်အတွင်း အလုပ်အကိုင်ရှားပါးလာခြင်း၊ မြို့တွင်း လမ်းပိတ်ဆို့ခြင်းနှင့် မီးဘေးအန္တရာယ်ရှိနိုင်ပါသဖြင့် စက်မှုဇုန် ပြန်လည်စည်ကားလာစေရေး စသည့်အကြောင်းအရာများအား စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆွေးနွေးတင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117