Connect with us

Local

သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမ အဆင့်ဇုန် အခြေခံ အဆောက်အအုံ တည်ဆောက်မှု ၉၀ ရာခိုင် နူန်းကျော် ပြီးစီး

သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမ အဆင့်ဇုန် အခြေခံ အဆောက်အအုံ တည်ဆောက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ဇုန်၏ ဟက်တာ ၄၀၀ တွင် အခြေခံ အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီးဖြစ်ကြောင်း သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်၏ ပြောကြားချက်အရ သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန် ဖွင့်ပွဲ အခမ်းအနားအား မကြာမီကာလတွင် ကျင်းပမည် ဖြစ်ပြီး စီမံကိန်း ဒုတိယအဆင့် ဟက်တာ (၅၀၀)ခန့်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ရေး အတွက် လိုအပ်သော အကြို လေ့လာရေးများ စတင် ဆောင်ရွက်နေပြီဟု ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သော မြန်မာ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခု နှင့် အကြိုသဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ယခုနှစ် ဇူလိုင်လ အထိ ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီ ၃၈ ခုအား ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၉၉. ၇၆ သန်း ရှိသည်။

အခြားအထူး စီးပွားရေးဇုန် တစ်ခုဖြစ်သည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်မှာ ရေနက် ဆိပ်ကမ်းအား အခြေပြု၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ အဆင့်ဆင့် ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများ၊ သိုလှောင် သယ်ပို့ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ တင်ဒါ ရွေးချယ် ခေါ်ယူရေး ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပြုလွှာများအား တင်ဒါ ခေါ်ယူရေးနှင့် စိစစ် ရွေးချယ်ရေး ကော်မတီမှ စိစစ် ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ် အထူး စီးပွားရေးဇုန် မှာလည်း ဆက်စပ် စီမံကိန်းများ အကောင် အထည်ဖော်ရေး အတွက် မြန်မာ- ထိုင်း ပူးတွဲ အဆင့်မြင့် ကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ကနဦးစီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ခွင့် သဘော တူညီချက်များ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117