Connect with us

Local

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ ကျင်းပမည်

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၁၈ နှစ်ကုန်ပိုင်း၌ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားအဆင့် ပူးပေါင်းပါဝင်မှု အလုပ် ရုံဆွေးနွေးပွဲ( National Socialization Seminar )သို့မဟုတ် Workshop ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် OECD နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်းကျင်းပ သွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးထံမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ခုနှစ် (၃၂)ကြိမ်မြောက် ASEAN SME Working Group အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပခဲ့ပါကြောင်း၊ (၃၂)ကြိမ်မြောက်နှင့် (၃၃) ကြိမ်မြောက် အစည်းအဝေးများတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလည်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရာတွင် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် လိုက်လျော ညီထွေရှိရမည့် ဒေသန္တရစီမံကိန်းများ၊ အစီအမံများဖြစ်စေရေး အလေးထားဆောင်ရွက်ရမည့် အပြင် အာဆီယံဒေသတွင်း ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချမှတ်ထားသည့် မူဝါဒများ၊ မဟာဗျူဟာများနှင့်လည်း ကိုက်ညီသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ၎င်းကဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117