Connect with us

Local

သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဓာတ်မြေသြဇာ စက်ရုံ ၂ဝ၁၇ ခုနှစ်တွင် စတင် လည်ပတ်မည်

သီလဝါ အထူးစီးပွားရေးဇုန်ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

သီလဝါအထူး စီးပွားရေးဇုန်အတွင်း အကောင်အထည် ဖော်လျက်ရှိသော ဓာတ် မြေသြဇာစက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း လီမိတက် (MAPCO)ထံမှ သိရသည်။

လက်ရှိတွင် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်နေပြီး ၂ဝ၁၇ ခုနှစ် စတင်လည်ပတ်ချိန်တွင် တစ်နှစ်လျှင် ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းဝန်းကျင် ထုတ်လုပ်နိုင်ရန် ရည်မှန်း ထားသည်။အဆိုပါ ဓာတ်မြေသြဇာစက်ရုံစတင်လည်ပတ်လျှင် ပြည်တွင်းရှိ လယ်ယာကဏ္ဍ၌ လိုအပ်နေသော ဓာတ်မြေသြဇာ များ ဖူလုံစေရေးအတွက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။မြန်မာ့လယ်ယာကဏ္ဍတွင် လိုအပ်နေသော ဓာတ်မြေသြဇာများကို တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ အရည်အသွေးမြင့် ဓာတ်မြေသြဇာများထုတ် လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ပြည်ပမှ တင်သွင်းနေရသောကြောင့် စရိတ်ကြီးမြင့်ခြင်းများ ကိုလည်း လျော့နည်းစေမည်ဖြစ်ကြောင်း MAPCOမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်မြေသြဇာ စက်ရုံကို ဂျပန်နိုင်ငံမှ Mitsui ၊ ဂျာမနီ နိုင်ငံမှ Behn Meyer ကုမ္ပဏီတို့နှင့် မြန်မာနိုင်ငံမှ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တို့ ပူးပေါင်း၍ Agri First Company အမည် ဖြင့် ဖက်စပ်ကုမ္ပဏီ တည်ထောင်ကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဂျပန်နှင့်ဂျာမနီ ကုမ္ပဏီများသည် ထိုင်း၊အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံ တို့၌ ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.