Connect with us

Local

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများအား နှစ်ဆင့်ချေးငွေ စီမံကိန်း ဆောင်ရွက်ပေး

၁၀,၀၀၀ ကျပ်တန်ငွေစက္ကူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များ တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သော ဘဏ်ချေးငွေများအား နိုင်ငံတော်ပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ထံမှ အတိုးနှုန်း သက်သာသော ODA နှစ်ရှည်ချေးငွေရယူ၍ ပုဂ္ဂလိကဘဏ် ခြောက်ခုမှ တစ်ဆင့် SMEs များသို့ နှစ်လတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။ ချေးငွေ သက်တမ်းမှာ သံုံးနှစ်မှ ငါးနှစ်အထိ နှစ်လတ်ချေး ငွေဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၅ဝ ရာခိုင်နှုန်းဖြစ်၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးချဲ့ရန် သင့်တော်သော ချေးငွေအမျိုးအစားဖြစ်ကြောင်းသိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် မြန်မာ့စီးပွားရေး ဘဏ်သည် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် မှတစ်ဆင့် SMEs များသို့ ထုတ်ချေးခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်အတွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုဖြစ်သော ကမ္ဘောဇဘဏ်၊ သမဝါယမ ဘဏ်၊ မြန်မာ့ရှေ့ဆောင် ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်နှင့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုး ရေးဘဏ်တို့မှတစ်ဆင့် ထုတ်ချေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)