Connect with us

Local

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု ပမာဏ ကျပ် ၂,၉၂၅,၀၈၁,၂၉၁ ရှိ

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ကုန်သွယ်မှု ပမာဏမှာ စက်တင်ဘာ ၂၃ ရက်ထိ ကျပ် ၂,၉၂၅,၀၈၁,၂၉၁ ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၊ ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၆၉ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ပို့ကုန် တန်ဖိုး ၄၈၉,၃၇၆,၄၆၆ ကျပ် ၊ သွင်းကုန် တန်ဖိုး ၂,၄၃၅,၇၀၄,၈၂၅ ကျပ် ဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ ကျပ် ၂,၉၂၅,၀၈၁,၂၉၁ ရှိကြောင်း သိရသည်။

ထို့အတူ ကုန်သွယ်ရေး စခန်းများတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ယခု ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၃ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ကတ် စုစုပေါင်း ၁,၀၈၅ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ကုန်သွယ်မှု ပမာဏ ၂၆,၁၄၂,၆၃၀,၉၇၂.၅၁၈ ရှိကြောင်း သိရသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေးခဲ့ပြီး တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.