Connect with us

Local

အာဆီယံတွင်း ငါးလုပ်ငန်းကဏ္ဍပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအစီအစဉ်တစ်ရပ်ဖော်ဆောင်နိုင်ရေး အထူးအရေးပါဟု ပြည်ထောင်စုဝန်ကြီးဆို

ဒုတိယ အကြိမ် အာဆီယံဒေသတွင်း ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ မဟာ ဗျူဟာအစီအစဉ် ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အာဆီယံ ဒေသတွင်း ငါးလုပ်ငန်းကဏ္ဍပူးပေါင်း ဆောင်ရွက်မှု ၌ အနာဂတ်ရှေ့ဆက် ဆောင်ရွက်မည့် အရေးပါသော လုပ်ငန်းအတွက် မဟာဗျူဟာအစီ အစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် အထူးအရေးပါကြောင်း နေပြည်တော် ကောင်စီနယ်မြေ Horizon Lake View Hotal ၌ ကျင်းပသော ဒုတိယ အကြိမ် အာဆီယံဒေသတွင်း ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ မဟာ ဗျူဟာအစီအစဉ် ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် မွေးမြူရေး၊ ရေ လုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

အာဆီယံ နိုင်ငံများအနေဖြင့် ဒေသတွင်းငါး လုပ် ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အနာဂတ် ဆောင်ရွက်မှုအား လမ်းညွှန်မှုပြုမည့် ပြီးပြည့်စုံသော မဟာဗျူဟာဆောင်ရွက်မှု အစီအစဉ် တစ်ရပ်ပေါ်ပေါက်ရေးအ တွက် ဖော် ဆောင်သွားကြ စေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

အာဆီယံ နိုင်ငံအများစုအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသော ရေထွက်ကုန် ပစ္စည်းထုတ်လုပ်တင်ပို့ ရောင်းချသူ များဖြစ်သည့် အတွက် အာဆီယံ ရေထွက်ကုန်များ၏ ပုံရိပ်ကောင်းကို မြှင့်တင်သော ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံ အဆင့်နှင့် ဒေသအဆင့် တို့တွင် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

EU၊ အမေရိကန်၊ ဂျပန်ကဲ့သို့ နိုင်ငံများ၏ လုပ်ထုံးလုပ်နည်းအရ ဈေးကွက်ဝင်ရောက်ရန် လိုအပ်ချက် တစ်ရပ်ဖြစ်လာပြီး Eco labeling Certification မျိုးသုဉ်းရှားပါး စာရင်း ဝင် ငါးမျိုးစိတ်များနှင့် တရားမဝင် ငါးဖမ်းဆီးမှုတို့ကိုလည်း အစားအစာ ဘေးကင်းမှု၊ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်ရန် လိုအပ်ချက်တို့နှင့် ကိုက်ညီစေရန် ပိုမိုပြီးအရေးပါလာ လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.