Connect with us

Local

မြန်မာနိုင်ငံတွင် နီဆန်ကား တပ်ဆင် ထုတ်လုပ်မည့် စက်ရုံ ဖွင့်လှစ်မည်

နီဆန်ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဂျပန် နီဆန်ကား ကုမ္ပဏီမှ ကားတပ်ဆင် ထုတ်လုပ်နိုင်မည့် စက်ရုံ ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကားကုမ္ပဏီက သတင်း ထုတ်ပြန်သည်။

နီဆန် ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ပထမဆုံး စတင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး အဆိုပါ ကားတပ်ဆင် ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၆ ခုနှစ် အတွင်း ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါ ကားတပ်ဆင် ထုတ်လုပ်မှုကို ပဲခူးမြို့စက်ရုံ၌ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းစက်ရုံတွင် ဝန်ထမ်း (၃၀၀) ခန့် အသုံးပြုကာ တစ်နှစ်ကို ကားအစီးရေ တစ်သာင်းလောက် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ယင်း နီဆန်ကား တပ်ဆင် ထုတ်လုပ်မည့် စက်ရုံမှ သုံးနှစ်အတွင်း ကားအစီးရေ တစ်ထောင်ကျော် ရောင်းချနိုင်မည်ဟု နီဆန်ကား ကုမ္ပဏီက မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဆူဇူကီး မော်တော်ကား ကုမ္ပဏီမှ ပထမဆုံး ကားထုတ်လုပ်ပြီး ဒုတိယမြောက် ကားထုတ်လုပ် သည့် ကုမ္ပဏီအဖြစ် နီဆန်ကား ကုမ္ပဏီဖြစ်လာသည်။

မြန်မာနိုင်ငံတွင်း နီဆန်ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံကို ကားများကို တင်သွင်း ရောင်းချခဲ့ပြီး လက်ရှိ နှစ်စဉ်ကားအစီးရေ (၁) သိန်း (၄) ထောင်ဝန်းကျင် ရောင်းချနေသည်။ (Xinhua)