Connect with us

Local

အိန္ဒိယသို့ တင်ပို့မည့် မတ်ပဲ တန်ချိန်လေးသိန်းအနက် တစ်သိန်းသာ တင်ပို့နိုင်မည့်အနေအထားဖြစ်နေကြောင်းဆို 

ပဲများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ  မှ မတ်ပဲတင်ပို့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်လိုက်သည့်အတွက် အိန္ဒိယသို့ တင်ပို့ရမည့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ဆင်ဟွာသို့ သြဂုတ် ၁၄ ရက်တွင်ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် ယခင်က  ပြည်ပမှ တင်သွင်း မည့် မတ်ပဲတန်ချိန်လေးသိန်းကို   လာမည့်   ၂၀၂၁   ခုနှစ် မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော် လည်း မကြာသေးမီက  အချိန်သုံးလအတွင်း  အပြီး တင်သွင်းရမည်ဟု အသိပေးစာထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းကြောင့်     အချိန်တိုတောင်းသဖြင့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့် သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘တန်ချိန် လေးသိန်းပေါ်မှာ တကယ်တမ်း တင်ပို့နိုင်ရင် လအားဖြင့်   အလွန်တိုတဲ့ပုံစံမျိုး   ဖြစ်နေတော့ သူတို့  လိုင်စင်နောက်ကျတာနဲ့   လက်ရှိတင်ပို့နိုင်တဲ့ အနေအထား က၂၀  ရာခိုင်နှုန်း၊  အများဆုံး   ၂၅   ရာခိုင်နှုန်းပေါ့၊  တန်ချိန်ရှစ်သောင်း၊  တစ်သိန်း    ဒီထက်မပို့နိုင်လောက်တော့ဘူး’’   ဟု    ဦးမင်းကိုဦးက ပြောသည်။

လက်ရှိ    ပဲဈေးကွက်အတွင်း၌လည်း    ဈေးနှုန်း အပြောင်းအလဲမရှိဘဲ    မတ်ပဲတစ်တန်လျှင်   ငွေကျပ် ၉၄၂,၅၀၀ ခန့်ရှိပြီး  ပဲစင်းငုံတစ်တန်လျှင် ငွေကျပ်  ၈၀၃,၅၀၀  ခန့် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မတ်ပဲကို ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူပြီး  မတ်ပဲသည် မြန်မာ နိုင်ငံကသာ အဓိကစိုက်ပျိုးကြကြောင်း သိရသည်။  (Xinhua)