Connect with us

Local

ဥရောပနိုင်ငံများသို့ အိမ်တွင်းအလှဆင်နှင့် အထည်အလိပ်လုပ်ငန်းမှ ကုန်ပစ္စည်းတင်သွင်းနိုင်ရန် စီစဉ်

အိမ်တွင်းအလှဆင် နှင့် အထည်အလိပ်လုပ်ငန်းများ၏ လုပ်ငန်းရှင်များ အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်တွင်းအလှဆင် နှင့် အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များအနေဖြင့် ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းတင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းရှင်များအနေဖြင့် ဥရောပ ၂၈ နိုင်ငံသို့ ပို့ကုန်တင်ပို့နိုင်မည့် အခွင့်အလမ်းတစ်ခုကို CBI (ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန်မြှင့်တင်ရေး ဗဟိုဌာန) နယ်သာလန်နိုင်ငံ၏ အကူအညီပေးရေး အစီအစဉ်မှရွေးချယ်မှုဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း အိမ်တွင်းအလှဆင် နှင့် အထည်အလိပ်လုပ်ငန်းများထံမှ သိရသည်။

ယင်း CBIက အကူအညီပေးမည့် အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်းများကို တောင်ကြီး ၊ အင်းလေး၊ မန္တလေး ၊ မကွေးမြို့တို့တွင် လုပ်ဆောင် ပြီးဖြစ်ကာ ရန်ကုန်မြို့ တွင်လည်း မိတ်ဆက်ရှင်းလင်းပွဲကို နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၊ မိတ်ဆက်မှုပြီးသွားပါက လုပ်ငန်းနှင့် ကိုက်ညီသည့်လျှောက်လွှာများကို CBI မှ သတ်မှတ်ထားသည့်စံနှုန်းများနှင့်အညီ လုပ်ငန်းကုမ္ပဏီ ၂ဝ မှ ၃ဝ အထိ ရွေးချယ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

လုပ်ငန်းများကို ရွေးချယ်ပြီးလျှင် ဥရောပဈေးကွက်က လိုအပ်ချက်များနှင့်ကိုက်ညီသော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ပထမဆုံးပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း၊ အရောင်အသွေး၊ အရည်အသွေးကအစ ဥရောပ စံချိန်စံညွှန်းနှင့် ကိုက်ညီသော တန်ဖိုး မြှင့်ထုတ်ကုန်များ ထုတ်လုပ်မည်ဖြစ်ကြောင်း CBI ၏ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူ ဒေါ်သက်စုလှိုင်က ပြောသည်။

CBI မှ ရွေးချယ်လိုက်သည့် အိမ်တွင်းအိပ်ခန်းသုံး၊ ဧည့်ခန်းသုံး၊ စားသောက်ခန်းမ သုံး၊ မီးဖိုချောင်သုံး၊ အထည်အလိပ်အသုံးအဆောင်၊ အခင်းအကျင်းပစ္စည်းထုတ်လုပ်သူများကို ပထမဆုံး ဥရောပဈေးကွက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.