Connect with us

Local

အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ကော်မတီ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခု ကို အတည်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော် ဖန်တီးပေးနိုင်မည့် အထည်ချုပ် လုပ်ငန်းလည်း အပါအဝင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.