Connect with us

Culture & Entertainment

တရုတ် အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းကြီး အောင်မြင် ဖြစ်ထွန်းမှု ပြပွဲ ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ၌ ပြသ


ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ် အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းကြီး အောင်မြင် ဖြစ်ထွန်းမှု ပြပွဲအား “ချမ်းမြေ့ သာယာ သော ဘဝတွင် နေထိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်း”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ပြသလျှက် ရှိကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အကြောင်းအရာ များကို ဓာတ်ပုံများ ၊ ရှင်းလင်းချက်စာတမ်းများဖြင့် တင်ပြ မိတ်ဆက်ထားကြောင်း သိရသည်။

ပြပွဲသို့လာရောက် ကြည့်ရှုသော ရန်ကုန်မြို့ ၊ ပန်းဘဲတန်း မြို့နယ်မှ ဒေါ်ခင်နှင်းေ၀ က “တရုတ်နိုင်ငံရဲ့ တိုးတက်မှုကို ကိုယ်တိုင် မြင်တွေ့ရသလိုပါပဲ။ပြပွဲက အကျိုးရှိပါတယ်။ ဒီလို ပြပွဲတွေကို များများ လုပ်ပေး စေချင်ပါတယ်။မြန်မာနိုင်ငံ အတွက်လည်း အများကြီး ဗဟုသုတရပါတယ်။အကျိုးလဲ ရှိပါတယ်။ ကျောင်းသားတွေကိုလည်း များများ လာကြည့်စေချင်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် နိုင်ငံ အသီးသီး နှင့်အတူ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်အတူ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ဆိုင်ရာ အတွေ့ အကြုံများကို ပိုမိုအားကောင်းစွာ မျှဝေ ခံစား နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် မောင်းနှင်အားပေးလျက်ရှိကြောင်း ၊ ဆင်းရဲမှု ပပျောက်ရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်အတွက် ပိုမိုကြီးမားစွာ အကျိုးပြု သွားရန် ကြိုးပမ်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြပွဲတွင် ဖော်ပြထားသည်။

တရုတ် အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းကြီး အောင်မြင် ဖြစ်ထွန်းမှုများအား ပြသထားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းကြီး အောင်မြင် ဖြစ်ထွန်းမှု ပြပွဲတွင် ဖော်ပြချက် တစ်ခု အရ ကွမ်စီးစန်းကျန်းထုန်တိုင်းရင်းသားလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်၊ တူထုံမြို့နယ်၊ ဖျင်လုံရွာမှ အသက် ၁၇ နှစ်အရွယ်ရှိ တုန်လူမျိုးမိန်းကလေးဖြစ်သူ မော်ရုံယာသည် စာမေးပွဲဖြေဆိုအောင်မြင်ပြီး အနောက်တောင် ပို့ဆောင်ဆက်သွယ်ရေး တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ကြောင်းအား ဖော်ပြခဲ့သည်။

မော်ရုံယာ၏မိဘသည် ဆင်းရဲပင်ပန်းခံပြီး အိမ်ထောင်စု၏ ဝင်ငွေမှန်သမျှကို သားသမီး ၄ ယောက်၏ ပညာရေး စရိတ်အဖြစ် အသုံးပြုခဲ့ကြောင်း သား၊သမီးတို့သည် စာကို အထူး ကြိုးစားပြီး အမှတ် ကောင်းကောင်းဖြင့် အောင်မြင်မှုရရှိခဲ့ရာ ဆွတ်ခူးရရှိသော ဆုချီးမြှင့်မှုများစွာ ကို အိမ်၏နံရံပေါ်မှာ အပြည့် ချိတ်ဆွဲထားကြောင်း မော်ရုံယာနှင့် သူမ၏ အစ်မကြီးသည် တက္ကသိုလ်တက်ရန် ဝင်ခွင့်စာမေးပွဲဖြေပြီး အောင်မြင်မှု ရရှိခဲ့ကြောင်း ပြပွဲတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် “ချမ်းမြေ့ သာယာ ဝပြောသော ဘဝတွင် နေနိုင်ရန် လိုအင်ဆန္ဒသည် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းချက် ဖြစ်ပါသည် ။” ဟု ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်တွင် (၁၈) ကြိမ်မြောက် ဗဟို ကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ အမြဲတမ်း ကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်နိုင်ငံ ကျေးလက်တောရွာမှ ဆင်းရဲမှုလျော့ကျလာသော လူဦးရေသည် နှစ်စဉ် ၁၀ သန်းအထိရှိလာပြီး ဆင်းရဲမှုမှ လျှော့ချ လာသော လူဦးရေစုစု ပေါင်းသည် ၅၅.၆၄ သန်းအထိ ရောက်ရှိ လာခဲ့ကြောင်း ဆင်းရဲမှု ဖြစ်ပွားနှုန်းလည်း ၂၀၁၂ ခုနှစ်ကုန်တွင် ၁၀.၂ ရာခိုင်နှုန်း မှ ၂၀၁၆ခုနှစ်ကုန်တွင် ၄.၅ ရာခိုင်နှုန်း အထိ ကျဆင်း လာပြီး ကျဆင်းမှုနှုန်းသည် ၅-၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း ပြပွဲတွင် ဖော်ပြချက်များ အရ သိရသည်။

ဆင်းရဲသော ကျေးလက် ဒေသနေ ပြည်သူလူထု၏ ဝင်ငွေတိုးတက်မှုနှုန်းသည် တစ်ပြည်လုံး ပျမ်းမျှ အဆင့် ထက် မြင့်ပြီး ၊ ဆင်းရဲသောပြည်သူလူထု၏ဘဝအဆင့်အတန်းသည် သိသာထင်ရှားစွာ တိုးတက် ကောင်းမွန်လာခဲ့ကြောင်း ဆင်းရဲသောဒေသ၏ အသွင်သဏ္ဍာန်သည် များစွာ တိုးတက် ကောင်းမွန်လာခဲ့ကြောင်း ပြပွဲမှ သိရသည်။

၂၀၁၂ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ တရုတ်နိုင်ငံတွင် ဆင်းရဲမှု လျော့ကျလာသော လူဦးရေသည် ၆၈.၅၃ သန်းရှိပြီး တစ်မိနစ်လျှင် အနည်းဆုံး လူ ၆ယောက်အတွက် ဆင်းရဲမှု ပပျောက်လာနိုင်ခြင်းကို ဖော်ပြကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ရောက်ရှိချိန်တွင် တရုတ်နိုင်ငံ၏ ဆင်းရဲမှုကို လျော့ကျလာသော လူဦးရေသည် နှစ်စဉ် ၁၀ သန်းရှိမှသာ ဘက်စုံစွာ အေးချမ်းသာယာဝပြောသော ဘဝတွင် နေနိုင်သည့် ရည်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်လာနိုင် မည် ဖြစ်ကြောင်း ပြပွဲတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.