Connect with us

Culture & Entertainment

တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး” အတွက် ကမ္ဘာလုံးဆိုင်ရာ ပွဲတော် ကျင်းပရန် ကြေညာ

တရုတ်နှစ်သစ်ကူးအတွက် ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ် နွေဦးပွဲတော် နီးကပ်လာပြီဖြစ်သည့်အတွက် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး” နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာကျင်းပရေးလှုံ့ဆော်မှုအား တရုတ်နိုင်ငံက စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ လှုံ့ဆော်မှုတွင် တိုက်ရိုက် တင်ဆက်မှုများ၊ ပြခန်းများနှင့် ဘုရားကျောင်းတွင် ကျင်းပသော ရိုးရာပွဲတော်များနှင့် အခြားသော အခမ်းအနားပေါင်း ၁,၅၀၀ ကျော်ကို နိုင်ငံနှင့် ဒေသပေါင်း ၁၃၃ ခုရှိ မြို့ ၃၉၆ မြို့၌ ကျင်းပရန် စီစဉ်ထားသည်။

ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများနှင့် ခရီးသွားလုပ်ငန်းကို ပေါင်းစပ်မှုသည် ထို လှုံ့ဆော်မှုတွင် အများဆုံး ပါဝင်မည် ဖြစ်ပြီး ကိုင်ရိုနှင့် ဒူဘိုင်းမြို့ အပါအဝင် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာ အဓိက လှုပ်ရှားမှုများ ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ လှုံ့ဆော်မှုတွင် တရုတ်နိုင်ငံနှင့် ရုရှား၊ မွန်ဂိုလီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားများလည်း ပါဝင်မည် ဖြစ်သည်။

ကမ္ဘာအနှံ့နွေဦးပွဲတော် ကျင်းပသည့် ယဉ်ကျေးမှုဆိုင်ရာပွဲများစွာ ကျင်းပသော “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး” နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာကျင်းပရေးလှုံ့ဆော်မှုသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ မြှင့်တင်ရန် ၂၀၁၀ ခုနှစ်တွင် ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.