Connect with us

Culture & Entertainment

မြန်မာ နိုင်ငံ တွင် “တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကျင်းပ

"တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်" နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား အား ဇန်နဝါရီ ၁၉ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အနုပညာရှင်များ က အတူတကွ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်း သည့် ဖျော်ဖြေတင်ဆက်မှု အား ပရိသတ် များ အား တင်ဆက်ပြသ ခဲ့ကြသည်။

ယနေ့ ကျင်းပ ပြုလုပ် ခဲ့သော တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူးပွဲတော်သို့ မြန်မာ ပြည်သူလူထု များစွာ လာရောက် ကြည့်ရှု အားပေးခဲ့ပြီး ယင်း ဖျော်ဖြေတင်ဆက်မှုများ ကို လည်း ဖေဖော်ဝါရီ ၄ ရက် နေ့ တွင် MRTV နှင့် Sky Net ရုပ်သံလိုင်းများ တွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု တို့မှ ကြည့်ရှု နိုင်ရန် အတွက် ထုတ်လွှင့်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနား တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အနုပညာရှင်များ က နှစ်နိုင်ငံ ၏ မိသားစု ကဲ့သို့သော သံယောဇဉ် အား ဖော်ကျူးသော ၊ နှစ်နိုင်ငံ ပြည်သူလူထု တို့၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး နက်ရှိုင်းပုံ ကို ဖော်ကျူးသော အနုပညာ တင်ဆက်မှု များအား ဖျော်ဖြေပေးခဲ့ပြီး ရိုးရာ ယဉ်ကျေးမှု ကို အပြည့်အဝ ဖော်ပြနိုင်သည့် အဆို နှင့် အက များကို တင်ဆက်ပေး ခဲ့သဖြင့် ပရိသတ်များ ၏ စိတ်ဝင်စားမှု ကို အခမ်းအနား ကျင်းပစဉ် တစ်လျှောက် ဆွဲဆောင် ထား နိုင်ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အခမ်းအနား ၌ မိန့်ခွန်း ပြောကြားရာတွင် ယခုချိန် ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ တို့မှ အတူတကွ ရန်ကုန်မြို့ တွင် စုဝေး ခဲ့ကြပြီး နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နှစ်သစ်ကူး ပွဲတော် အား ပါဝင် ဆင်နွှဲ နိုင်ခဲ့ကာ တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ၏ ပျော်ရွှင်မှု ကို အတူတကွ မျှဝေခံစား နိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့အား နှစ်သစ် အတွက် အတူတကွ ဆုမွန်ကောင်း တောင်းလိုပြီး ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား သည်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး သက်ဝင်လှုပ်ရှားနေသည် ကို ဖော်ပြပေးနိုင်သည့် အခမ်းအနား တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ သတင်းဌာန ပြင်ပရေးရာ ပြန့်ပွား ဆောင်ရွက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာ လင်လိ (Mr.Ling Li) က တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး ကို တန်ဖိုးထားခဲ့ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးချဲ့ဆောင်ရွက် ကာ မြန်မာ နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အား အတူတကွ တည်ဆောက်ကာ တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အခမ်းအနား ၌ မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ သတင်းဌာန ပြင်ပရေးရာ ပြန့်ပွား ဆောင်ရွက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာ လင်လိ (Mr.Ling Li) က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၊ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ ပြည်နယ်ပါတီ ပြန်ကြားရေးဝန်ကြီး မစ္စတာ ကျောက်ကျင်း က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၊ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ ပြည်နယ်ပါတီ ပြန်ကြားရေးဝန်ကြီး မစ္စတာ ကျောက်ကျင်း (Mr.Zhao Jin) က တရုတ် နိုင်ငံ ယူနန် ပြည်နယ် နှင့် မြန်မာ နိုင်ငံ တို့က တောတောင်ရေမြေခြင်း ထိစပ် နေပြီး တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး တွင် အရေးပါသည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်း ၊ ယူနန် ပြည်နယ် အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့ ထားရှိခဲ့ပြီး သဘောတူညီချက် အရ မြန်မာ နိုင်ငံ နှင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု များအား တိုးချဲ့ဆောင်ရွက်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမိုမြင့်မား သည့် အဆင့် သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား က အနုပညာ ဖလှယ်မှု မှ တစ်ဆင့် ချစ်ကြည်ရေး ပေါင်းကူး တံတား အား တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှု တိုးအား တွန်းအား ပေးစေနိုင်ရန် အတွက် လည်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ က ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် ပါဝင်ဆောင်ရွက်သည့် အရေးပါသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ကာ နှစ်နိုင်ငံ ပြည်သူလူထု အား အကျိုး ဖြစ်ထွန်း စေလိုကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပြည်ထောင်စု လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး နှင့် မြန်မာ နိုင်ငံ သက်ဆိုင်ရာ အစိုးရ အရာရှိများ လည်း တက်ရောက် ခဲ့ကြသည်။

အခမ်းအနား တွင် မြန်မာ ယဉ်ကျေးမှု အဖွဲ့ အနုပညာ ခေါင်းဆောင် အဖြစ် တာဝန်ယူထားသော ဓီရာမိုရ် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် ယခု ကဲ့သို့ မြန်မာ နိုင်ငံ တွင် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်းသည် နှစ်နိုင်ငံ ပြည်သူလူထု တို့ မှ နှစ်နိုင်ငံ ယဉ်ကျေးမှု အပေါ် အပြန်အလှန် နားလည်မှု အား ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် တို့အား တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံး ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ကြီးမှူး ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ အခမ်းအနား နှင့် ရက် သတ္တပတ် ကျင်းပ ပြုလုပ်စဉ် အတွင်း တရုတ်အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကြီး အောင်မြင်ဖြစ်ထွန်းမှု ပြပွဲ အား ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး စသည့် မြို့များတွင် ပြသ သွားမည် ဖြစ်ကြောင်း ၊ ပြပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အကြောင်းအရာ များကို ဓာတ်ပုံများ ၊ ရှင်းလင်းချက်စာတမ်းများဖြင့် တင်ပြ မိတ်ဆက်ထားကြောင်း ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် ကျင်းပ ပြုလုပ်စဉ် အတွင်း MRTV တွင်လည်း တရုတ် နိုင်ငံ ရုပ်သံဇာတ်လမ်းများ အား ထုတ်လွှင့်ပြသွားပေးသွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကိုလည်း ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.