Connect with us

Culture & Entertainment

ပန်ဒါ ပေါက်တစ်ကောင် မတော်တဆ သေဆုံး

ပန်ဒါ ပေါက်တစ်ကောင် မတော်တဆ သေဆုံး

ချန်ဒူး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ် ရှိ ပန်ဒါထိန်းသိမ်းမွေးမြူရေး စခန်းတစ်ခုမှ ပန်ဒါပေါက်ကလေး တစ်ကောင်သည် မတော်တဆ သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံ ပန်ဒါကြီးမျိုးထိန်းသိမ်းရေး နှင့် သုတေသန စင်တာ ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသည့် ပန်ဒါပေါက်ကလေးမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် မွေးဖွားခဲ့သည့် ပန်ဒါ အမ လေး ဖြစ်ပြီး Wolong အမျိုးသားသဘာဝထိန်းသိမ်းရေးဧရိယာ ရှိ Shenshuping ပန်ဒါ မွေးမြူရေးအခြေစိုက်စခန်း တွင် နေထိုင်ခဲ့သည်။ ပန်ဒါသားပေါက်ကလေးသည် မွေးမြူရေးစခန်းရှိ ကစားကွင်းတွင် တစ်ကောင်တည်း ကစားခဲ့ရာ ဧပြီ ၉ ရက် နံနက် ၂ နာရီဝန်းကျင်တွင် ဘောလုံးချိတ်ဆွဲထားသော သစ်သားဘောင်တစ်ခုအား တွယ်တက်ခဲ့ကြောင်း သိရသည်။ ၎င်းအားလည်ပင်းနှင့် ရှေ့ခြေထောက်တွင် ကြိုးများ ရှုပ်ထွေးငြိလိမ်ပတ်၍ သေဆုံးနေသည်ကို နံနက် ၉ နာရီ ဝန်းကျင် တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပန်ဒါသားပေါက်၏ လုံခြုံရေး အားကောင်းမွန်စွာ တာဝန်ယူ စောင့်ရှောက်ခြင်းမပြုနိုင်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်းအတွက် လွန်စွာဝမ်းနည်းကြောင်း စင်တာ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ ၎င်းမတော်တဆမှု အားသင်ခန်းစာများယူကာ ဥယျာဉ်အတွင်း ဘေးကင်းလုံခြုံစေမှုစစ်ဆေးမှုများ ပိုမိုခိုင်မာအောင်ပြုလုပ်ခြင်း၊ အသက်အရွယ်ငယ်သော ပန်ဒါကြီးမျိုးများအတွက် အဆောက်အအုံများအား စစ်ဆေးအကဲဖြတ်မှုများ ပြုခြင်းနှင့် ဥယျာဉ်အတွင်း ဘေးအန္တရာယ်ဖြစ်ရန်အလားအလာရှိ သည်များ ကို စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ မတော်တဆမှုများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ညကင်းလှည့်ခြင်းများ အား ပိုမိုခိုင်မြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ ပန်ဒါကြီးမျိုးထိန်းသိမ်းရေး နှင့် သုတေသန စင်တာ ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.