Connect with us

Economy

တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ်မတိုင်မီ လေဆိပ် ၁၃၆ ခု တည်ဆောက်ရန် စီစဉ်ထား

တရုတ်နိုင်ငံ Yantai Penglai အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်မတိုင်မီ လေဆိပ်အသစ် ၁၃၆ ခု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း အစိုးရ သတင်းရင်းမြစ်က မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လေဆိပ်များသည် ကမ္ဘာ့ အဆင့်မီ နိုင်ငံတကာနှင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေး အချက်အချာများ ဖြစ်လာမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်နှင့် ပြည်သူ့ လေကြောင်း အုပ်ချုပ်ရေး၏ စီမံကိန်းအရ သိရသည်။

၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ ငွေးကြေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားမှုအား ကာမိရန် တရုတ်နိုင်ငံ အစိုးရသည် အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းအတွက် ငွေကြေး စတင် သုံးစွဲလာခဲ့သလို လေဆိပ် တည်ဆောက်ခြင်း လုပ်ငန်း စတင်ခဲ့သည်။

တရုတ်နိုင်ငံ၏ လေဆိပ် ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာ အံ့သြဖွယ် တိုးတက်လာခဲ့သော်လည်း လက်ရှိ လေဆိပ်များသည် အပြည့်အဝ မကောင်းမွန်သေးကြောင်းနှင့် တည်နေရာ အဆင်မပြေမှုများ ရှိနေသေးကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ အများပြည်သူဆိုင်ရာ လေဆိပ် ၂၀၇ ခုရှိပြီး ၂၀၂၀ ခုနှစ်တွင် လေဆိပ် ၂၆၀ ဝန်းကျင် ရှိလာမည်ဟု မျှော်လင့်ထားသည်။

ထို့ပြင် တရုတ်နိုင်ငံ လေဆိပ်များသည် ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၉၁၀ သန်းအား လက်ခံနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၁.၅ ဘီလီယံ၊ ၂၀၂၅ ခုနှစ်တွင် ၂.၂ ဘီလီယံအထိ လက်ခံလာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.