Connect with us

Economy

တရုတ်နိုင်ငံ၏ ငွေကြေးစနစ်တည်ငြိမ်မှုသည် အနာဂါတ်အထိ ဆက်လက်ဖြစ်တည်နေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် အား သတင်းစာရှင်းလင်းပွဲတစ်ခု၌ မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် က မတ်လ ၁၅ ရက်တွင် နိုင်ငံ၏ ငွေကြေးစနစ်တည်ငြိမ်မှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးစနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ကိုယ်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံတွင် ရွေးချယ်စရာမူဝါဒများစွာ ရှိကြောင်း အပြုသဘောဆောင်၍ ပြောကြားခဲ့သည်။

လီက တရုတ်နိုင်ငံ၏ ငွေကြေးစနစ်သည် ယေဘုယျအားဖြင့် လုံခြုံစိတ်ချရကြောင်း ညီလာခံကိုယ်စားလှယ်များ၏ နှစ်ပတ်လည်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဘက်ဂျက်လိုအပ်မှု နှင့် GDP အချိုးသည် ၃ရာခိုင်နှုန်းအောက် လျော့နည်းနေပြီး စီးပွားရေးဘဏ်များ၏ ငွေအရင်းအနှီးလုံလောက်မှု ရာခိုင်နှုန်းသည် ၁၃ရာခိုင်နှုန်း ရှိကာ ၎င်းတို့၏ ငွေကြေးလွှမ်းခြုံနိုင်မှု ရာခိုင်နှုန်းသည် ၁၇၆ရာခိုင်နှုန်း ရှိသဖြင့် ငွေကြေးလုံခြုံမှုဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများ၏ အထက်တွင်ရှိကြောင်း ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ လီက ၎င်း၏အမြင်ကို ပံ့ပိုးပြောကြားခဲ့သည်။

ငွေကြေးကဏ္ဍတွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ နှင့် ပတ်သက်၍ လီက အစိုးရသည် ယင်းပြဿနာများကို သေသေချာချာကိုင်တွယ်ဖြေရှင်းကာ ထပ်မံမဖြစ်ပွားစေရန် လိုအပ်သည့် ကာကွယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီက တရုတ်နိုင်ငံသည် အလယ်အလတ်အဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းခြင်း လမ်းကြောင်းပေါ်တွင် ဖြစ်ပွားလာနိုင်သော မည်သည့်ငွေကြေးဆိုင်ရာပြဿနာများကိုမဆို ကာကွယ်တားဆီးရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.