Connect with us

Economy

တရုတ် နိုင်ငံ သည် အမေရိကန် နိုင်ငံ မှ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု ကို ဇန်နဝါရီလ က အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ လျှော့ချခဲ့

ဘဏ် ဝန်ထမ်း တစ်ဦး မှ အမေရိကန် ဒေါ်လာများအား ရေတွက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က တရုတ် နိုင်ငံ သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် အမေရိကန် နိုင်ငံ မှ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု အနည်းငယ် မြင့်တက် ခဲ့ပြီး ယခု နှစ် ဇန်နဝါရီလ ပိုင်းတွင် အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ ပြန်လည် လျှော့ချ ခဲ့ကြောင်း မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

စာရင်း ဖော်ပြချက်များ အရ တရုတ် နိုင်ငံ သည် အမေရိကန် နိုင်ငံ မှ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု တန်ဖိုး ကို အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ လျှော့ချ ခဲ့သောကြောင့် ပိုင်ဆိုင်မှု သည် အနည်းငယ် ကျဆင်းကာ အမေရိကန် ဒေါ်လာ ၁.၀၅၁၁ ထရီလီယံ ရှိကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ သည် ဇန်နဝါရီလ ပိုင်းတွင် အမေရိကန် မှ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁.၇ ဘီလီယံ တိုးမြှင့် ခဲ့ပြီး ပိုင်ဆိုင်မှုအားဖြင့် အမေရိကန် ဒေါ်လာ ၁.၁.၂၅ ထရီလီယံ ရှိကာ အမေရိကန် မှ ငွေတိုက်စာချုပ်များအား အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းအထိ ပြည်ပ နိုင်ငံများမှ အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၅.၉၅၆၁ ထရီလီယံ ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.