Connect with us

Economy

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ အမြန်ရထားလမ်း တည်ဆောက်ရေး ဆိုင်ရာ စာချုပ် ချုပ်ဆို

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောင်းလိ (Zhang Gaoli) နှင့် ရုရှား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Shuvalou တို့မှ နှစ်နိုင်ငံ စီးပွားရေး ပူးးပေါင်း ဆောင်ရွက်မှု စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး မော်စကို-ကာဇန် အမြန် ရထားလမ်း စီမံကိန်း တိုင်းတာရေး နှင့် ဒီဇိုင်း စာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ သည် အမြန် ရထားလမ်း တည်ဆောက်ရေး ဆိုင်ရာ စာချုပ်ကို ရုရှားနိုင်ငံ မော်စကို မြို့တွင် ဇွန်လ ၂၀ ရက်နေ့ က ချုပ်ဆို နိုင်ခဲ့သည်။ ဤစာချုပ်သည် တရုတ်နိုင်ငံ မှ ပင်လယ်ရပ်ခြားတွင် တည်ဆောက်မည့် အမြန် ရထားလမ်း တည်ဆောက်ရေး စာချုပ်ကြီး တစ်ခုဖြစ်သည်။

အမြန် ရထားလမ်း တည်ဆောက်ရေး စီမံကိန်း အစီအစဉ် အရ မော်စကို-ကာဇန် အမြန် ရထားလမ်းသည် ၇၇၀ ကီလိုမီတာ ရှည်လျားကာ လမ်းကြောင်း တစ်လျှောက်ရှိ လူပေါင်း ၂၅ သန်းကျော် အတွက် အကျိုးပြုနိုင်မည် ဖြစ်ပြီး ရထား ဘူတာပေါင်း ၁၅ ခု တည်ဆောက် သွားမည်ဖြစ်သည်။

အမြန် ရထားလမ်း ၏ အမြင့်ဆုံး အမြန်နှုန်းအား တစ်နာရီလျှင် ၄၀၀ ကီလိုမီတာဖြင့် ဒီဇိုင်းဆွဲ တည်ဆောက်မည် ဖြစ်ပြီး ရထားလမ်း အကျယ်သည် ၁၅၂၀ မီလီမီတာ ရှိသည်။ ဤ စီမံကိန်း ကို ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်မီ တည်ဆောက်မှု ပြီးစီရန် စီစဉ်ထားသည်။

တစ်နာရီလျှင် ၄၀၀ ကီလိုမီတာ အမြန်နှုန်းသည် လက်ရှိ ကမ္ဘာပေါ်တွင် အမြန်ဆုံး ဒီဇိုင်းဆွဲ ထားသည့် အမြန်နှုန်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ရထားလမ်း တည်ဆောက်ရေး စီမံကိန်းများ အနက် အမြန်နှုန်း အမြင့်ဆုံး စီမံကိန်း တစ်ခုဖြစ်ကာ တရုတ်နိုင်ငံ မှ နည်းပညာ နှင့် ပစ္စည်း ကိရိယာ အမြောက်အများ အသုံးပြု သွားမည် ဖြစ်သည်။

မော်စကို-ကာဇန် အမြန်ရထား လမ်းပိုင်းသည် ပေကျင်း-မော်စကို အမြန်ရထား သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တွင် ပါဝင်သည့် အမြန်ရထား လမ်းပိုင်း တစ်ခုဖြစ်သည်။ မော်စကို-ကာဇန် အမြန် ရထားလမ်း တည်ဆောက်ခြင်း အစီအစဉ် သည် ဥရောပ-အာရှ အမြန်ရထား သယ်ယူ ပို့ဆောင် နိုင်ရေးအတွက် လမ်းကြောင်း ပွင့်သွားရန် ရေရှည် အမျှော်အမြင်များ ပါဝင်ပြီး တရုတ်-ရုရှား နှစ်နိုင်ငံ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တိုးတက် ဖွံ့ဖြိုးရေး အတွက်လည်း တွန်းအား ဖြစ်စေသည်။တရုတ်နိုင်ငံ၏ အမြန် ရထားလမ်း တည်ဆောက်ရေး စီမံကိန်းများ နိုင်ငံရပ်ခြား အထိ တည်ဆောက်နိုင်သည့် အခွင့်အရေးဖြင့် ပိုးလမ်းကြောင်း စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေး အတွက် ရုရှားနိုင်ငံ နှင့် အတူ ဥရောပ နှင့် အာရှ ကို ဆက်သွယ်ပေး နိုင်သည့် လမ်းကြောင်း တစ်ခု ကို တည်ဆောက် သွားမည်ဖြစ်ပြီး ဥရောပ-အာရှ စီပွားရေး အဖွဲ့အစည်း တိုးတက်ရေး နှင့် ချိတ်ဆက်ရေး အတွက် တည်ငြိမ်သည့် ခြေလှမ်းများဖြင့် တွန်းအား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.