Connect with us

Economy

တရုတ် နိုင်ငံတော် ဗဟိုဘဏ် မှ အတိုးနှုန်းများ လျှော့ချ မည်ဖြစ်ကြောင်း ထုတ်ပြန်

တရုတ် နိုင်ငံတော် ဗဟိုဘဏ် အားမြင်တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ လုပ်ငန်း အရင်းအနှီး လျှော့ချ နိုင်ရန် အတွက် ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ တရုတ် ယွမ်ငွေ ငွေကြေးကဏ္ဍ ဘဏ် ချေးငွေနှင့် အပ်ငွေ အတိုးနှုန်းများ လျှော့ချ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ ငွေကြေးလုပ်ငန်း များအတွက် တစ်နှစ်စာ ချေးငွေ အတိုးနှုန်း အား ဝ.၂၅ ရာခိုင်နှုန်း လျှော့ချ လိုက်သဖြင့် ၄.၈၅ ရာခိုင်နှုန်း သို့ရောက်ရှိခဲ့သည်။ တစ်နှစ်စာ အပ်ငွေ အတိုးနှုန်း အား ဝ.၂၅ ရာခိုင်နှုန်း လျှော့ချ လိုက်သဖြင့် ၂ ရာခိုင်နှုန်း သို့ရောက်ရှိခဲ့သည်။ အခြား ချေးငွေ ၊ အပ်ငွေ အမျိုးအစား အတိုးနှုန်း များနှင့် ပုဂ္ဂလိက အိမ်ခြံမြေ အပေါင်ထားရှိမှု အတိုးနှုန်း များကိုလည်း ပြောင်းလဲမှု များပြုလုပ်ခဲ့သည်။ တရုတ် နိုင်ငံတော် ဗဟိုဘဏ် မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူ ပြုနိုင်ရန် အတွက် ကျေးရွာ ၊ ကျေးရွာ လူထုနှင့် ကျေးရွာ စီးပွားရေး လုပ်ငန်း များ ၏ ချေးငွေ အတိုးနှုန်း များကို ဝ.၅ ရာခိုင်နှုန်း လျှော့ချ သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည် ။ ငွေးကြေး ဆိုင်ရာ လုပ်ငန်း များ၏ အပ်ငွေ အတိုးနှုန်း များကို ၃ ရာခိုင်နှုန်း လျှော့ချခြင်းဖြင့် လုပ်ငန်း ကုမ္ပဏီ များမှ ငွေကြေး များအား ထိရောက်စွာ လည်ပတ် နိုင်ရန် အားပေး သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ငွေကြေး များအား ထိရောက်စွာ လည်ပတ် နိုင်ရန် အားပေး သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။
ယခု အကြိမ် အတိုးနှုန်း လျှော့ချ ခဲ့ခြင်းသည် အဓိက အားဖြင့် ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒ တိုးတက်ပြောင်းလဲမှုမှ တစ်ဆင့် စီးပွားရေး လုပ်ငန်း တည်ငြိမ်မှု ရရှိရန် ၊ ရေရှည် တိုးတက်ဖွံ့ဖြိုးစေရန် နှင့် လုပ်ငန်း အရင်းအနှီး လျှော့ချ နိုင်ရန် တွန်းအား ဖြစ်စေမည် ဖြစ်ကြောင်း တရုတ် နိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ (Xinhua)